လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲများ ဒုတိယကြိမ်ေ ဆွးနွေးပွဲ စတင်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းဖို့ အတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တို့က KNU ကရင်အမျိုးသား ထိန်းချုပ် နယ်မြေ
လေးဝါး ခေါ် လောခီးလာမှာ ဒီကနေ့ စတင်
ဆွေးနွေးနေသည်။

တစ်နိုင်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့က သဘောတူ ရေးဆွဲခဲ့ကြတဲ့  အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို အပြီးသတ် ဆွေးနွေး သွားရန် ရည်ရွယ်ထားကြောင်း ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောသည်။

ဖက်ဒရယ် တပ်မတော်တည်ဆောက်ရေးကိစ္စ ဆွေးမယ်လို့လည်း ဆိုသည်။ ဆွေးနွေးပွဲ ရလဒ်တွေ ကိုတော့ နောက်ဆုံးနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိရသည်။ 

ဗိုလ်ချုပ် စောချစ်သူ (ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်)
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ(LDU)၊ 'ဝ'အမျိုးသား အစည်းအရုံး (WNO)၊ မိုင်းလားအဖွဲ့(MNDAA)၊ ရခိုင် တပ်မတော်(AA)နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) နှင့် လေ့လာသူ ကိုယ်စားလှယ်အနေနဲ့  မြန်မာနိုင်ငံ လုံးဆိုင်းရာ ကျေင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကိုယ်စားလှယ်၊ ကရင်နယ်ခြားစောင့် တပ်အဖွဲ့အပါအ၀င် ကိုယ်စားလှယ်များ (၁၃၆) ဦး ပါဝင်တက်ရောက်ကြသည်။

UWSA ခေါ် "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်နှင့် မိုင်းလား အဖွဲ့(MNDAA)၊ ကယန်းပြည်သစ် တပ်မတော်(KNLP)၊ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကလလတ (KNPLF) တက်ရောက် လာခြင်း မရှိခဲ့ပါ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ
ခေါင်းဆောင် ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို KIA, ဌာနချုပ် လိုင်ဇာမှာ တွေ့ဆုံခဲ့ကြပြီး NCCT အဖွဲ့ကို ဖွဲ့ စည်းနိုင်ခဲ့သည်။

0 မှတ်ချက်များ for "လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲများ ဒုတိယကြိမ်ေ ဆွးနွေးပွဲ စတင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++