အီဂျစ်ရဲဌာနချုပ် တိုက်ခိုက်ခံရပြီး အနည်းဆုံး ၃ ဦးသေဆုံး
အီဂျစ်နိုင်ငံ
မြို့တော်ကိုင်ရိုရှိ ရဲဌာနချုပ်အပြင်ဘက်၌ ကားဗုံးခွဲ တိုက်ခိုက်မှုတစ်ရပ်
ဖြစ်ပွားခဲ့ရာ အနည်းဆုံး သုံးဦးသေဆုံးပြီး ၃၀ ဒဏ်ရာရရှိ သွားကြောင်း
သိရသည်။
အဆိုပါ အားပြင်းဗုံးကြောင့် မြို့တော်တစ်ဝန်း တုန်လှုပ်သွားပြီး
မြို့လယ်မှ မီးခိုးလုံးကြီးများ လွင့်တက်လာသည်ဟု ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်သံများလည်း ကြားရသည်ဟု သိရသည်။
ယင်းပေါက်ကွဲမှုသည် အီဂျစ်နိုင်ငံ တွင် ကာလရှည်အုပ်ချုပ်ခဲ့သော
ဟို့စ်နီမူဘရက်အား ဖယ်ရှားလိုက်ပြီး သုံးနှစ်ပြည့်ချိန်တွင်
ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာ
နေရာသို့ လူနာတင်ယာဉ်များ အများအပြား ရောက်ရှိ လာခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကြီးမာေးသာ အဆောက်အအုံကြီးများ
ပျက်စီးသွားခဲ့ရကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။ ___ဘီဘီစီ


0 မှတ်ချက်များ for "အီဂျစ်ရဲဌာနချုပ် တိုက်ခိုက်ခံရပြီး အနည်းဆုံး ၃ ဦးသေဆုံး"