လုံခြုံရေးစိုးရိမ်မှုကြောင့် ဘန်ကောက်ရှိ နိုင်ငံခြား သံရုံးများ ပိတ်ရန် ကြေညာချက် ထုတ်ပြန်
လာမယ့် ဇန်န၀ါရီ ၁၃ ရက်နေ့မှာ ဆန္ဒပြမှုတွေနဲ့ နီးတဲ့နေရာတွေကို မသွားကြဖို့
သက်ဆိုင်တဲ့ နိုင်ငံ သားတွေကို သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေက
ကြေညာချက်တွေ ထုတ်ပြန် သတိပေးထားတယ်လို့ သိရပါတယ်။
ကြေညာချက်တွေ ထုတ်ပြန် သတိပေးထားတယ်လို့ သိရပါတယ်။
မြို့တော် ဘန်ကောက်မှာ ရှိတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဌာနရဲ့ အမြဲတမ်း
အတွင်းရေးမှူး ဆီဟာဆက် ဖုအဲန်ကက်ကော် (Sihasak Phuangketkaew) က
ပြောဆိုလိုက်ပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ ဆီလုံလမ်း၊
ဆသွန်လမ်းနဲ့ ၀ိုင်ယာလက်လမ်းတွေပေါ်မှာ ရှိတဲ့ နိုင်ငံခြားသံရုံး ၂၀ လောက်ဟာ
အဲဒီ လမ်းတွေပေါ်မှာ ဆန္ဒပြမှုတွေ ရှိနိုင်တယ်လို့ ကြေညာချက်တွေ
ထုတ်ပြန်သတိပေးထားပါတယ်။___ဒီဗွီဘီ


0 မှတ်ချက်များ for "လုံခြုံရေးစိုးရိမ်မှုကြောင့် ဘန်ကောက်ရှိ နိုင်ငံခြား သံရုံးများ ပိတ်ရန် ကြေညာချက် ထုတ်ပြန်"