၂ နိုင်ငံ ပြန်လည် သင့်မြတ်ရေး မြောက် ကိုရီးယား တောင်းဆို

တောင်နဲ့ မြောက်ကိုရီးယား အကြား စစ်ရေးအရ တဘက်နဲ့ တဘက် ရန်စောင်နေကြတာကို အဆုံးသတ်ပြီး ၂ နိုင်ငံ ပြန် လည် သင့်မြတ်ဖို့အတွက် မြောက်ကိုရီးယားဘက် က တောင်းဆို လိုက်ပါတယ်။
နျူကလီးယားကြောင့် ဒုက္ခသုက္ခ ရောက်ရမယ့် အဖြစ်ကနေ ကူညီပြီး ကာကွယ်တားဆီးဖို့ မြောက်ကိုရီးယားက တောင် ကိုရီးယားကို တောင်းဆိုထားတဲ့ စာတစောင်ကို ပြုံယမ်း နိုင်ငံပိုင် သတင်းမီဒီယာမှာ ဖော်ပြ ထားပါတယ်။

တောင်ကိုရီးယားကို အသရေ ဖျက်နေတာတွေကိုလည်း ပြုံယမ်း အနေနဲ့ မလုပ်တော့ကြောင်း အဲဒီ စာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ နှစ်စဉ် ပြုလုပ်နေကျ ပူးတွဲ စစ်ရေးလေ့ကျင်မှုတွေ လုပ်ဖို့ သီတင်း ပတ်လောက်သာ လိုတော့တဲ့ အခုလို အချိန်မှာ မြောက်ကိုရီးယားဘက်က အခုလို စာရေးသား လာတာ
ဖြစ်ပါတယ်။

အခုလို တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင်မှုဟာ မြောက်ကိုရီးယားအတွက်တော့ အကြီး အကျယ် စိတ်ပျက်ဖွယ်ရာ ကိစ္စတခု ဖြစ်နေတာပါ။___ဘီဘီစီ

0 မှတ်ချက်များ for "၂ နိုင်ငံ ပြန်လည် သင့်မြတ်ရေး မြောက် ကိုရီးယား တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++