ဘန်ကောက်မြို့မှာ မစ္စယင်လတ် အစိုးရ နုတ်ထွက်ရေး ဆန္ဒပြမှု အချိန်မြင့်တက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဝန်ကြီးချုပ် မစ္စယင်လတ် ရှင်နာဝပ်အစိုးရ
နုတ်ထွက်ရေး ဆန္ဒပြမှုတွေက အရှိန်ပြင်းထန်လာပြီး အစိုးရ ရုံးတချို့ကို
ဆန္ဒပြသူတွေ ဝင်ရောက် စီးနင်းမှုတွေ လုပ်တယ်ဆိုတြာေ ကာင့် အရေးပေါ်အခြေအနေ
ကြေညာထားပါတယ်။
ကြေညာထားပါတယ်။
ဆန္ဒပြသူများထဲမှာ နာမည်ကြီးသူတဦးဖြစ်တဲ့ ဒီမိုကရက်ပါတီ အမတ်ဟောင်း မစ္စတာ ဆုထက်ပ် ကိုလည်း အစိုးရရဲ့ ဘဏ္ဍာရေး ဝန်ကြီးရုံးကို ဆန္ဒပြသူတွေ ဝင်စီးနင်းတာ ကို ဦးဆောင်တယ်လို့ စွပ်စွဲပြီး ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ် လိုက်ပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ဆုထက်ရဲ့ ရှေ့နေက အစိုးရရုံးတွေကို ဝင်စီးတဲ့ ဆန္ဒပြသူတွေကို ဆုထက်ပ် က ဦးဆောင်မှု မလုပ်ခဲ့ကြောင်းနဲ့ ပြည်သူပိုင် ပစ္စည်းနဲ့ အစိုးရပိုင် ပစ္စည်းတွေကိုလည်း မဖျက်စီးခဲ့ဘူး လို့ ပြောဆိုထားပါတယ်။
ဆန္ဒပြသူတွေက အခြားအစိုးရ ဝန်ကြီးဌာနရုံးတွေကိုလည်း ဝင်ရောက် စီးနင်းတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဘန်ကောက်အနီးဝန်းကျင် ၄ ခရိုင်ကိုတော့ ဝန်ကြီးချုပ် မစ္စယင်လတ်က အရေးပေါ် အခြေအနေကြေညာ ပြီး အစိုးရ ရုံး တွေကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင့်လင့်ကစား အကြမ်းဖက် ဖြိုခွဲသွားမှာ မဟုတ်ဘူးလို့ လည်း ထိုင်းတီဗီရုပ်သံလိုင်း တွေက ကြေညာနေပါတယ်။
ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်ရဲ့ ကြိုးဆွဲရာ ကနေရတဲ့ လက်ရှိ ဝန်ကြီးချုပ် နုတ်ထွက် ပေးဖို့ အဓိက တောင်းဆိုရာက ဆန္ဒပြမှုတွေ ကျယ်ပြန့်လာတာပါ။
ဆန္ဒပြမှုတွေ ဖြစ်လာရတာကလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက ထိုင်းပါလီမန်မှာ အကိုဖြစ်သူ မစ္စတာ သက်ဆင် ကို ၂၀၀၈ ခုနှစ်က ထောင်ဒဏ်ချမှတ်ခံရတာကို ပလပ်စေပြီး ပြည်တော်ပြန်လာခွင့် ရစေမယ့် လွတ်ငြိမ်းချမ်းသာ ဥပဒေကြမ်း ကို မစ္စ ယင်လတ်က တင်သွင်းခဲ့လို့ ဖြစ်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို အထက်လွှတ်တော်ကလည်း ပယ်ချပြီးနောက်ပိုင်း ဝန်ကြီးချုပ် မစ္စယင်းလတ်က လည်း ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။ ___ဘန်ကောက်ပို့စ်
0 မှတ်ချက်များ for " ဘန်ကောက်မြို့မှာ မစ္စယင်လတ် အစိုးရ နုတ်ထွက်ရေး ဆန္ဒပြမှု အချိန်မြင့်တက်"