ဗမာစစ်သားတွေက တအာင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်
နိုင်ဝင်ဘာလ (၂၅)ရက်နေ့ နံနက်(၁၀)နာရီခန့် တွင် မြန်မာစစ်တပ်မှ တပ်မမှူး
သက်ဇော်ဦး နှင့် နမ့်ဆန်ပြည်သူ စစ်ခေါင်းဆောင် ထွန်မြတ်လေး အဖွဲ့တို့
နမ့်ဆန်မြို့နယ် အထက်မန်လွယ်ရွာကို လက်နက်ကြီး (၁၂၀ မမ)ဖြင့် ဦတည်ပစ်ခတ်ကာ
ရွာလုံးကျွတ်ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရှိရပါသည်။
TNLA တပ်မတော် မန်လွယ်ရွာတွင် ရှိနေသည်ဟု သတင်းရရုံဖြင့် မြန်မာစစ်တပ်ဘက်မှ နမ့်ဆန်မြို့
တောင်ဘက် ကနေ မန်လွယ်ရွာကို ဦးတည်ပြီး လက်နက်ကြီး ၂ ချက်ပစ်ခတ်ခဲ့ပြီး အထက် မန်လွယ်ရွာ အလွန်နီးကပ်သည့် တစ်နေရာတွင် ထိသွားကြောင်းလည်း သိရှိရပါသည်။
“လက်နက်ကြီးပစ်သံကြားရတာနဲ့ တရွာလုံးထွက်ပြေးကြရတယ်။ ပစ်ခတ်ခံ နည်းနည်းတည်ငြိမ်တဲ့အချိန်မှာ လက်နက်ကြီး ထိမှန်တဲ့နေရာကိုကြည့်တော့ ထိချက်က တော်တော်ပြင်းတယ်၊ ပတ်ပတ်လည်ရှိသစ်ပင်တွေ လုံးဝကို ကြေမွသွားတာဘဲ၊ ရွာကိုသာ ထိလိုက်ရင် ဘာမှ ရစရာမရှိအောင် ဖြစ်သွားနိုင်တယ်။” ဟု ဒေသခံ တစ်ဦးကပြောပါသည်။
မြန်မာစစ်တပ်ဘက်က လူအင်အား ၂၀ ကျော်ကျော်ဝန်ကျင်ရှိပြီး TNLA ဘက်က အင်အား ၇၀ ကျော်ရှိပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNLA ဘက်က ရွာနဲ့ဝေးတဲ့နေရာမှာ ရှောင်ထွက်ခဲ့သည်ဟုလည်း သိရပါသည်။__တအာင်လမ်း

0 မှတ်ချက်များ for "ဗမာစစ်သားတွေက တအာင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်"