အောင်ပဒင် အင်ပဒေါင်း ဇာတ်ကားတာဝန်ခံတွေက ကယန်းတိုင်းရင်းသားကို လာရောက်တောင်းပန်ပြီ
အောင်ပဒင် အင်ပဒေါင်း ဇာတ်ကားနဲ့ပတ်သက်ပြီး Lavender ဗီဒီယို ထုပ်လုပ်ရေးတာဝန်ခံနဲ့
ရုပ်ရှင် အစည်းအရုံးက ကိုယ်စားလှယ်တွေက ကယန်းပြည်သူတွေကို နိုဝင်ဘာ ၃၀ ရက် ဒီနေ့မှာ လာရောက် တောင်းပန်တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီ ဖယ်ခုံမြို့ညောင်ကုန်း ၃ ရပ် ကွက်ရှိ ကယန်းအမျိုးသားပါတီ ဗဟိုရုံးမှာ Lavender ဗီဒီယိုထုပ်လုပ်ရေး တာဝန်ခံ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးမောင်မောင်ဦး (မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၊
ဗီဒီယိုကွပ်ကဲရေးမှူးအဖွဲ့ အတွင်းရေးမှူး)၊ ဦးတင်အောင် (မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုကွပ်ကဲရေးမှူးအဖွဲ့ဝင်)၊ ဦးစိုးသန်း
(မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဗီဒီယို အကြံပေးအဖွဲ့)၊ ဦးဝင်းမြင့်
(မြို့နယ် ဗီဒီယို အခြေခံအဖွဲ့ခွဲ ဥက္ကဌ)နှင့် ဦးယူဂျင်း (ကယန်းအမျိုးသားပါတီ ဥက္ကဌ)၊ ဦးဖရန်စစ္စကှို ( ပြည်နယ်လွတ်တော်အမတ်) တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကယန်းလူထုကို ပြန်လည် ဆေးကြော တောင်းပန်ဖို့ တသားမွေး နွား ၁ ကောင်၊ ဒင်္ဂါး ၎
ကျပ်၊ တသားမွေး ကြက် ၄ ကောင်နဲ့ ကျေအေးပေးတယ်လို့ ကယန်းပါတီအတွင်းရေးမှူး ဦးကလဲမင်းက ပြောသည်။
တသားမွေး နွားတစ်ကောင် (တန်ဖိုး) ၃၀၀၀၀၀ ကျပ်၊ ဒင်္ဂါး ၎
ကျပ် (တန်ဖိုး) ၄၀၀၀၀ ကျပ်
နှင့် တသားမွေး ကြက် ၄ကောင်ပေးရန် ဆုံးဖြတ်ရာ ကယန်းကိုယ်စားလှယ်များ
အားလုံးသဘောထားကြီးစွာ နားလည် လက်ခံပေးကြတယ်၊ ဒါဟာ အနှိမ့်ဆုံး ဆေးကြောသန့်စင်ခြင်းပါ။ ပထမဆုံးအမှားလည်းဖြစ်ပြီး
ဒီလိုလာတောင်းပန်တော့ ခွင့်လွတ်ကျေအေးပေးရမှာပေါ့” ကယန်းစာပေနှင့် ယဉ်ကျေးမှု ဒု ဥက္ကဌ ဦးကျော်သန်းက ပြောသည်။
ရုပ်ရှင်အစည်းအရုံးကိုယ်စားလှယ်ဘက်ကလည်း ကယန်းလူမျိုးကို လေးစားပါကြောင်း၊ အားလုံးကိုယ်စား အနူးညွတ် တောင်းပန်ပါကြောင်း၊ နောက်နှောင် အလားတူမျိုး မဖြစ်စေရန် အားမခံပေးမည်ဖြစ်ကြောင်း
ပြောသည်ဟု သိရသည်။
ပြောသည်ဟု သိရသည်။
ထို့အပြင် ဗီဒီယိုထုပ်လုပ်ရေး တာဝန်ခံ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကိုယ်စားလှယ်တွေက ကယန်း (၄)နွယ်ကို ကိုယ်စားပြုသော လူကြီးသူမတွေကို ချည်မျှင်စွတ်ပေး တောင်းပန်ခဲ့ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်၊ ဇော်ဦး၊ ဗေလုဝနှင့်
ကင်းကောင်တို့ရဲ့ တောင်းပန်စာကို လက်မှတ်ရေးထိုးပြီး ကယန်းပါတီထံ
ပို့ပေးမည့်အကြောင်းလည်း ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းမှ
ဖုန်းဆက် ပြောကြား လာကြောင်း ကယန်းပါတီအတွင်းရေးမှူး ဦးကလဲမင်းက ပြောသည်။
"အောင်ပဒင် အင်းပဒေါင်း" ဗီဒီယိုဇာတ်ကားကို Lavemder ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးပြီး ၂၀၁၂ ခုနှစ် ကတည်းက ဖြန့်ချိခဲ့ပြီး နေတိုး၊ သက်မွန်မြင့်၊ ဇော်ဦး၊ ဗေလုဝ၊ ကင်းကောင်
တို့ပါဝင် သရုပ်ဆောင် သည်။
ပါဝင်သော ဇာတ်ဝင်ခန်းများသည် ရှမ်းအမျိုးသမီးများကို ပိုက်ဆံပေး၍ ဝယ်နိုင်တဲ့ ဖေါ်ပြမှု၊ ကယန်း(ပဒေါင်) တိုင်းရင်းသူတွေကို သစ်ကုလာအုတ်နှင့် ယှဉ်တွဲရိုက်ပြပြီး
တိရစ္ဆာန်ရုံ ဝန်ထမ်းမှ ပြစားနိုင်မည့် အခွင့်အလမ်း ရှိကြောင်း ပြောဆိုမှု၊ ထို့အပြင် ကယန်း(ပဒေါင်) သူအား ပုလွေမှုတ် တတ်သလား ဟု မေးရာတွင်
မှုတ်တတ်ကြောင်းနှင့် မင်းသားဇော်ဦး ပုလွေကို ညင်သာစွာကိုင်တွယ်ရမည့်
အကြောင်းနှင့် ပုလွေထုတ် ဟန်ပြင်ပြီး ဘောင်းဘီ ဇစ်ဖြုတ်ပြတဲ့ အမူအရာ ရှိုင်းစိုင်းမှု၊ အောင်းပဒင် အင်းပဒေါင်းကို ပြန်ပေးဆွဲ ရာတွင် အစာဆာသဖြင့် အစာကျွေးရန် ဟုဆိုပြီး ငှက်ပျော်သီးကို
တုတ်ဖြင့် ထိုးပြီး ပေးတဲ့ပြကွက် စတဲ့ ပြကွက်တွေ က တိုင်းရားတို့ရဲ့ ရိုးရာဓလေ့တွေကို လွဲမှားစွာ သရုပ်ဖေါ်ပြခြင်းသာ ဖြစ်တယ်လို့ ကယန်း တိုင်းရင်းသားတွေက ယူဆခဲ့ကြသည်။
0 မှတ်ချက်များ for "အောင်ပဒင် အင်ပဒေါင်း ဇာတ်ကားတာဝန်ခံတွေက ကယန်းတိုင်းရင်းသားကို လာရောက်တောင်းပန်ပြီ"