လူအများဆုံး စိတ်ဝင်စားကြတဲ့ ဓာတ်ပုံတပုံ

အမည် Myleene Klass လို့ခေါ်ပါတယ်။ အင်္ဂလန်နိုင်ငံသူဖြစ်ပြီး လက်ရှိ အသက်-၃၅ နှစ်အရွယ်ရှိပါပြီ။ နာမည်ကျော် အဆိုတော်၊ မော်ဒယ်လ် တစ်ယောက်လည်း ဖြစ်သလို၊ ပါပါရာဇီတွေ စိတ်ဝင်စားတဲ့ Celebrity တွေထဲမှာလည်း အပါအဝင်ပါပဲ။ 

ယခုမြင်တွေ့ရတဲ့ ပုံကတော့ သူမရဲ့  Instagram မှာတင်ထားတဲ့ ဓာတ်ပုံဖြစ်ပြီး လူအများစိတ်ဝင်စားခဲ့တဲ့ပုံ တစ်ပုံဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ 

အစစ်နီးပါးတူညီအောင် ပြင်ဆင်မွန်းမံထားတဲ့ မွေးကင်းစကလေးငယ်ပုံစံ Baby Cake ကြောင့်ပါ။ 

အမှတ်တမဲ့ကြည့်လိုက်ရင်တော့ ကလေးကို အထုတ်ကဖြေပြီး ဝါးစားတော့မယ့် ဘီလူးမအတိုင်းပါပဲ။ 

သီးစုံကိတ်အဖြစ်ပြုလုပ်ထားတဲ့ အဆိုပါ Baby Cake သူမဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ ကိုတော့ ရေးသားထားခြင်းတော့မရှိပါဘူး။ 

ဒါပေမယ့် အနုပညာသတင်းတွေကိုဖော်ပြတဲ့ omg.yahoo.com မှာတော့ အဆိုပါပုံကို လူပြောသူပြော များတဲ့ ဓာတ်ပုံအဖြစ် ယခုလိုဖော်ပြသွားပါတယ်။ ___ခွန်နေ

0 မှတ်ချက်များ for "လူအများဆုံး စိတ်ဝင်စားကြတဲ့ ဓာတ်ပုံတပုံ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++