ဆီးရီးယားဓာတု လက်နက်များကို ပင်လယ်ထဲသို့ ပို့ပြီး ဖျက်ဆီးမည်

ဆီးရီးယား ဓာတုလက်နက်များ ဖျက်ဆီးရေး အစီအစဉ် အဖြစ် အမေရိကန်နိုင်ငံ ရေတပ် အကူစစ်သင်္ဘောကို သုံးမည်ဖြစ်ပြီး ၄င်းကို ပင်လယ်ထဲ၌ ပို့မည်ဖြစ်ကြောင်း ဘီဘီစီသတင်းတွင် နိုဝင်ဘာ ၂၈ ရက်က ရေးသား ထားသည်။ 

အဆိုပါ စီမံကိန်းတွင်ရွှေ့ပြောင်းနိုင်သော ဖျက်ဆီးရေး စက်ရုံတစ်ခုကို ယာဉ်ပေါ်၌ နေရာချထားပြီး အန္တရာယ် ကင်း စိတ်ချရသော အနေအထားထိရောက်အောင် ဓာတုပစ္စည်းများ အားပျော့စေရန် ရေကို အသုံးပြု မည်ဖြစ်သည်။ 

ဓာတုလက်နက် ပိတ်ပင်တားဆီးရေးအဖွဲ့ (OPCW)သည် ဆီးရီးယားဓာတု လက်နက်ပစ္စည်းများကို ဖယ်ရှားရှင်းလင်းရန် ရက်ကို ဒီဇင်ဘာ ၃၁ ရက်ကို သတ်မှတ်ထားပြီး ဖြစ်သည်။ 

ဓာတုလက်နက်များ ဖျက်ဆီးရေးသည် ကမ္ဘာပေါ်တွင် လုံခြုံရေးဆိုင်ရာ အရေးကြီးဆုံး ပြဿနာတစ်ခု အဖြစ် နိုင်င့တကာ အဖွဲ့အစည်းက သဘောတူထားသော်လည်း ဓာတုလက်နက်များ လက်ခံဖျက်ဆီးမည်ဟု သတင်းပြေးနေသော အယ်လ်ဘေးနီးယားနှင့် အခြားနိုင်ငံများက လက်မခံနိုင်ဟု အပြင်းအထန် ငြင်းဆိုကြသည်။ 

လုပ်ငန်းစဉ်အတွင်း စစ်သင်္ဘောပေါ်၌ ညစ်ညမ်းရေ လီတာ ၇ ဒသမ ၇ သန်း ထွက်ရှိမည်ဟု တွက်ချက် ထားပြီး အင်းရေဆိုးများကို ကွန်တိန်နာအလုံး ၄၀၀၀ ထဲတွင် ထည့်ထားမည်ဟု OPCW အဖွဲ့က ဆိုသည်။ __ဘီဘီစီ

0 မှတ်ချက်များ for "ဆီးရီးယားဓာတု လက်နက်များကို ပင်လယ်ထဲသို့ ပို့ပြီး ဖျက်ဆီးမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++