မာလီအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေကို လူသတ်မှု၊ လူပြန်ပေးမှုတွေနဲ့ဖမ်းဆီး

မာလီနိုင်ငံမှာ မနှစ်က အာဏာသိမ်းပွဲကို ခေါင်းဆောင် ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Amadou Sanogo ကို လူသတ်မှု၊ လူပြန်ပေးမှုတွေနဲ့ ဖမ်းဆီး စွဲဆိုထားလိုက်ပြီ ဖြစ် ပါတယ်။

ဗိုလ်ချုပ်ကြီး Sanogo အိမ်ကို တပ်တွေအများကြီးနဲ့ ဝိုင်းပြီး ဖမ်းခဲ့တာ ဖြစ်ပါတယ်။ သူ့ကို တရားရုံး က ရမန်ယူပြီး ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ကြီး Sanogo ရဲ့ အာဏာသိမ်းမှုကြောင့် မာလီမှာ ကစင့်ကလျား ဖြစ်ခဲ့ ပြီး နိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ္မစ်သူပုန်တွေ ထကြွခဲ့ပါတယ်။

မာလီစစ်သားတွေက လူထုအပေါ် စနစ်တကျ ညှဉ်းပန်းသတ်ဖြတ် တာတွေရှိတယ် ဆိုပြီး စွပ်စွဲမှုတွေလည်း ထွက်နေ ပါတယ်။

ဗိုလ်ချုပ်ကြီးကို ဖမ်းဆီးလိုက်လို့ ပြည်သူ တွေ စိတ်သက်သာရာ ရသွားကြောင်း ၊ အသစ် တက်လာတဲ့ အရပ်သား အစိုးရ က စစ်တပ်ကို အစွယ်ထုတ်ပြ လိုက်တာ ဖြစ်ကြောင်း ဘာမာကို မြိုတော်က ဘီဘီစီ သတင်းထောက်က ပြောဆိုပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "မာလီအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးတွေကို လူသတ်မှု၊ လူပြန်ပေးမှုတွေနဲ့ဖမ်းဆီး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++