တောင်ကိုရီးယား ဆိုက်ဘာကို တိုက်ခိုက်ခံရမှု တရုတ် IP တခုနဲ့ ဆက်နွှယ်နေ
တောင်ကိုရီးယားနိုင်ငံ၏ ဘဏ်များနှင့် အသံလွှင့် ဌာနများ၏ ကွန်ပျူတာ ကွန်ရက်များအား ဆိုက်ဘာ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံရှိ အင်တာနက် လိပ်စာတစ်ခုမှ ရောက်ရှိလာ ခဲ့ကြောင်း၊ သို့သော် လည်း ယင်းဖော်ထုတ်မှုကို အတည်မပြုနိုင်သေး
ကြောင်း တောင်ကိုရီးယား အရာရှိများက ဘီဘီစီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။
ကြောင်း တောင်ကိုရီးယား အရာရှိများက ဘီဘီစီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။
အမည်မသိ ဟက်ကာများသည် မတ် ၂ဝ ရက်တွင် အဖွဲ့အစည်းခြောက်ခုမှ ကွန်ရက်များ တိုက်ခိုက်မှု အတွက် မလိုမုန်းတီးသော ကုတ်နံပတ်တစ်ခုအား ထည့်သွင်းပြီး တရုတ်လိပ်စာတစ်ခုကို အသုံးပြုခဲ့ကြောင်း ဆက်သွယ်ရေးဆိုင်ရာ အဖွဲ့အစည်းက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု၏ မူလဇာစ်မြစ်များကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် ၄င်းတို့အနေဖြင့် ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ၄င်းအရာရှိများက ပြောကြားသည်။
၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်အတွင်းက တိုက်ခိုက်မှုများအတွက် မြောက်ကိုရီးယားနိုင်ငံ ကို ပြစ်တင်ရှုတ်ချ ခဲ့သည်။
အမည်မသိ ဟက်ကာများသည် ယင်းသို့ တိုက်ခိုက်မှုအတွက် ၄င်းတို့၏ ကွန်ပျူတာများအတွင်း မလျော် ကန်သော ဂဏန်းနံပါတ်များကို ထည့်သွင်းပြီး ထိခိုက်ခံရသည့် အဖွဲ့အစည်းခြောက်ခု၏ ကွန်ပျူတာ ကွန်ရက် ဆာဗာများနှင့် ချိတ်ဆက်ရန် တရုတ် IP လိပ်စာတစ်ခုကို အသုံးပြုခဲ့ကြကြောင်း တောင်ကိုရီးယား ဆက်သွယ်ရေး အဖွဲ့အစည်းမှတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ပက်ကျိမွန်က ပြောကြားခဲ့သည်။
နောက်ဆုံး တိုက်ခိုက်ခံရမှုသည် တောင်ကိုရီးယား ဘဏ်နှစ်ခုဖြစ်သည့် ရှင်ဟန်ဘဏ်နှင့် နောင်ဟက် ဘဏ်တို့ အပါအဝင် ကေဘီအက်စ်၊ အမ်ဘီအက်စ်နှင့် ဝိုင်တီအင်န် ရုပ်/သံထုတ်လွှင့် မှုဌာနသုံးခုတို့ဖြစ်ပြီး ၄င်းအဖွဲ့အစည်းအားလုံးသည် မတ် ၂ဝ ရက် မွန်းလွဲပိုင်းက ၄င်းတို့၏ အင်တာနက်ကွန်ရက်များအားလုံး ရုတ်တရက် ပိတ်သွားခဲ့သည်ဟု ဆိုသည်။___ဘီဘီစီ
0 မှတ်ချက်များ for "တောင်ကိုရီးယား ဆိုက်ဘာကို တိုက်ခိုက်ခံရမှု တရုတ် IP တခုနဲ့ ဆက်နွှယ်နေ"