ဗဟိုအာဖရိကမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၁၃ ဦး အသတ်ခံရ
ဗဟိုအာဖရိကနိုင်ငံတွင် မကြာသေး မီရက်များက ဆီလီကာ သူပုန်များသည် တောင်အာဖရိက ငြိမ်း ချမ်းရေး ထိန်းသိမ်းသူ ၁၃ ဦးအား သတ်ဖြတ် ခဲ့ကြောင်း သိရသည်။
သူပုန်များသည် နိုင်ငံမြို့တော် ဘန်ဂွီမြို့ကို အစော ပိုင်းက သိမ်းပိုက်ခဲ့ပြီး သမ္မတ ဖရန်ဆွာ ဘိုဇစ်ကို
နိုင်ငံ အတွင်းမှ ထွက်ခွာရန် ဖိအား ပေးနိုင်ခဲ့သည်။
နိုင်ငံ အတွင်းမှ ထွက်ခွာရန် ဖိအား ပေးနိုင်ခဲ့သည်။
သမ္မတဖရန်ဆွာဘိုဇစ်သည် ကင်မရွန်းနိုင်ငံ အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ခဲ့သော်လည်း ၎င်းအားနိုင်ငံ အတွင်း အမြဲတမ်း ခိုလှုံခွင့် ပေးထားခြင်း မရှိကြောင်း အိမ်နီးချင်း ကင်မရွန်းနိုင်ငံမှ တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
သူပုန်များက ယခုအခါ ဘန်ဂွီမြို့ကို ၎င်းတို့ သိမ်းပိုက် ထားပြီး ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး နိုင်ငံ၏ သမ္မတ အသစ်အဖြစ် ၎င်းတို့ အဖွဲ့ခေါင်းဆောင် ကို ကြေညာ ခဲ့ကြောင်း သိရသည်။
သူပုန်များ ဘန်ဂွီမြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းစဉ် ၎င်းမြို့တွင် တပ်ဖြန့်ချထားသော တပ်ဖွဲ့ဝင် ၁၃ ဦးသေ ဆုံးခဲ့ ကြောင်း တောင်အာဖရိက သမ္မတ ဂျက်ကော့ဗ်ဇူးမားက ပြောကြားသည်။
သူပုန်များသည် အခြေစိုက် စခန်းများကို ကိုးနာရီကြာ တိုက်ခိုက်ခဲ့ရာ အခြား ၂၇ဦး ဒဏ်ရာရရှိခဲ့ သော် လည်း တောင်အာဖရိကနိုင်ငံ အနေဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်များ ဆုတ်ခွာရန် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ယခု အချိန်ထိ ဆုံးဖြတ်ချက် မချရသေးကြောင်း ဇူးမားက ပြောကြားသည်။


0 မှတ်ချက်များ for "ဗဟိုအာဖရိကမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းသူ ၁၃ ဦး အသတ်ခံရ"