မလေးရှားရောက် မြန်မာပြည်သား အချင်းချင်း မင်္ဂလာဆောင်နေစဉ် ဓါးထိုးမှုဖြစ်ပွား

မလေးရှားနိုင်ငံ ကေအယ်ကွာလာ လမ်ပူမြို့ရှိ ရွှေ
တောင် မြန်မာစားသောက်ဆိုင်၌ မောင်ဇော်မိုး လွင်(ခ) ကျော်ကျော်လွင် နှင့် မသန်းသန်းမြင့် (ခ)မလေးတို့၏ မင်္ဂလာပွဲ ကျင်းပနေစဉ် အချိန် အတွင်း သတို့သမီး ဓားထိုးမှုတစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်တာက ၂၇.၂.၁၃ ရက်နေ့ ညနေအချိန်ပိုင်း မင်္ဂလာပွဲလုပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပါ။ ဧည့်ခံပွဲလုပ်နေတဲ့အချိန် ရုတ်တစ်ရက် သတို့သ မီးဖြစ်တဲ့ မလေးကို ဓားနဲ့ထိုးခံရတဲ့အတွက် မင်္ဂလာခန်းမအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။

သတို့သမီး မလေးမှာ ဗိုက်မှာဒဏ်ရာနဲ့ ဘယ်လက်ဖက်တို့မှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်။ သတို့သမီးကို အရေးပေါ် ကွာလာလမ်ပူဆေးရုံသို့ ပို့လိုက်ကြတယ်။ ဓားနဲ့ထိုးသူကို ခန်းမထဲက လူတွေချုပ်ထားလိုက်ပြီး " ရဲလက်ထဲ အပ်လိုက်တာကို တွေ့ရပါတယ်ဟု" အခင်းဖြစ်ပွားနေရာသို့ သွားရောက်သော ကိုအောင်မှ ဆိုသည်။

ဓားဖြင့် ဝင်ထိုးသူမှာ မင်းနိုင်(ခေါ်)ညီလုံး ဖြစ်ပြီး အခင်းဖြစ်ပွားရာနေတွင် လူအများမှ ရဲလက်သို့ အပ် ခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသော သတို့သမီးဖြစ်သူ မလေး အား၎င်းနေ့ ညအချိန် တစ်နာရီမှ စတင်၍ လိုအပ်သောခွဲ့ စိတ်မှုများ ပြုလုပ်ခဲ့ကာ နေ့လည် ၁၁ နာရီအချိန်တွင် ခွဲစိတ်မှုပြီးဆုံးခဲ့သည်။ မလေး၏ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လာပြီး ဆက်လက်၍ ဆေးကုမှုခံယူနေကြောင်း သိရသည်။
Mails From Freinds

0 မှတ်ချက်များ for "မလေးရှားရောက် မြန်မာပြည်သား အချင်းချင်း မင်္ဂလာဆောင်နေစဉ် ဓါးထိုးမှုဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++