ယေးလ် တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်တို့က ကမ္ဘာ့ထိပ်တန်း အဆင့်မှာရှိ
အမေရိကန် ဥပဒေကျောင်းများအနက်မှ ယေးလ် တက္ကသိုလ်၊ ဆေးပညာတက္ကသိုလ်များအနက်မှ ဟားဗတ်တက္ကသိုလ် တို့က ကမ္ဘာ့ထိပ်တန်း နံပါတ်ဝမ်း အဆင့်တွင် ရှိနေကြောင်း အမေရိကန် News & World Report မှ ထုတ်ဖော်ပြောကြားခဲ့သည်။
စီးပွားရေးကျောင်းများထဲတွင် ဟားဗတ်နှင့် စတန်းဖို့ဒ် တက္ကသိုလ်တို့သည် ထိပ်တန်းတက္ကသိုလ်များအဖြစ် သတ်မှတ်ခြင်းခံရသည်။ နည်းပညာတွင် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာ ပညာရပ်တွင် ဘာကလေ၊ စတန်းဖို့ဒ်နှင့် ကာလီဖိုးနီးယားတက္ကသိုလ်တို့ ရရှိကြသည်။
Peabody ကောလိပ်နှင့် Vanderbilt တက္ကသိုလ်တို့ကို ပညာရေးတွင် ထိပ်တန်းအဖြစ်သတ်မှတ်ခံရသည်။
News & World Report မဂ္ဂဇင်းတွင် ထိုကျောင်းထွက်များသည် ကျောင်းပြီးပါက ဒေါ်လာ သိန်းချီပြီးရနိုင်စွမ်းရှိ
ကြောင်း၊ သို့သော် အများစုမှာ ကျောင်းတက်ရင်း ကြွေးပိကာ ဘဝပျက်သွားသူများလည်းရှိကြောင်း ဖော်ပြထား သည်။ ကျောင်းသားများအနေဖြင့် ရွေးချယ်မှုအရေးကြီးကြောင်း၊ ဘဝအတွက် အာမခံချက်ရှိသည့် ဘာသာရပ် များကိုရွေးချယ်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများအတွက်ပါ အဆင်ပြေနိုင်ကြောင်း ရေးသားထားသည်။
မည်သည့်ကျောင်းသို့တက်သည်ဖြစ်စေ စည်းကမ်းလိုက်နာနိုင်ရန် အရေးကြီးကြောင်း၊ ကျောင်းတစ်ခုခု တက်တော့မည်ဆိုလျှင် ပညာရှင်များနှင့် တိုင်ပင်သင့်ကြောင်း၊ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်ရန် လည်း အရေးကြီးကြောင်း၊ မိမိနှင့် မလိုက်ဖက်သည့် ဘာသာရပ်များကို ရွေးချယ်ခြင်းကြောင့် ကြွေးတင်ပြီး ဒုက္ခရောက် ကာ ပန်းတိုင်မရောက်နိုင်ကြောင်း၊ ဝါသနာလည်းပါ၊ ဘဝအတွက် အာမခံချက်ရှိမည့် ဘာသာရပ်များကို ရွေးချယ်ရန် လိုအပ်ကြောင်း အကြံပြုရေးသားထားသည်။

0 မှတ်ချက်များ for "ယေးလ် တက္ကသိုလ်၊ ဟားဗတ် တက္ကသိုလ်တို့က ကမ္ဘာ့ထိပ်တန်း အဆင့်မှာရှိ"