ပြည်သူ့ အသက် အိုးအိမ် ထိပါးရင် အင်အားသုံး နှိမ်နင်းမည်# သမ္မတ
ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါး တဲ့ လုပ်ရပ်မှန်သမျှကို လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်ရင် မြို့ပြအင်အားသုံးပြီး တားဆီးနှိမ် နင်းသွားမယ်လို့သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်ပါတယ်။
“ကျနော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေ ဖြေ ရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့ လုပ်ရပ် မှန်သမျှကိုတော့ လုံးဝလက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိကတာဝန်ရှိနေတဲ့ မြန် မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။”
လက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ည နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြည်သူတွေကို မိန့်ခွန်းပြောကြားရာ ထည့်သွင်း ပြောကြားခဲ့တာပါ။
ဒါ့အပြင် အကြမ်း ဖက်မှုတွေကို အင်အားသုံး မဖြေရှင်းတာဟာ အချိန်မတိုင်မီ ဒီမိုကရေစီလမ်းကြောင်း ပျက်စီး သွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း
ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့်အန္တာရာယ်ကို
ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့်အန္တာရာယ်ကို
ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ မိတ္ထီလာမြို့မှာ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း ပဲခူး တိုင်းဒေသကြီးကို အကြမ်းဖက်မှုတွေ ဆက်လက် ပျံ့နှံ့ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး အုတ်ဖို၊ နတ်လလင်း၊ သဲကုန်း၊ ဇီးကုန်း၊ မင်းလှနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ကြဖို့ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။
မိတ္ထီလာမြို့မှာ အကြမ်းဖက် မီးရှို့မှုဖြစ်စဉ်တွေကြောင့် လူပေါင်း ၃၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရရှိခဲ့ကြသလို လူဦးရေ ၁ သောင်းခွဲလောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။__ဒီဗွီဘီ


0 မှတ်ချက်များ for "ပြည်သူ့ အသက် အိုးအိမ် ထိပါးရင် အင်အားသုံး နှိမ်နင်းမည်# သမ္မတ"