ရုရှားထုတ် လေကြောင်းရန် ကာကွယ်ရေး ပစ္စည်းများ အီရတ် ၀ယ်ယူ
အီရတ်နိုင်ငံသည် ရုရှားနိုင်ငံမှ တင်ပို့လာမည့် တိုက်ခိုက်
ရေး ရဟတ်ယာဉ်များနှင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များအား နွေရာသီမတိုင်မီ လက်ခံရရှိမည် ဖြစ်ကြောင်း
နိုင်ငံခြားရေးဝန်ကြီး ဟော့ရှ် ယာ ဇေဘာရီက ပြောကြား ခဲ့သည်။
ရေး ရဟတ်ယာဉ်များနှင့် လေကြောင်းရန် ကာကွယ်ရေး စနစ်များအား နွေရာသီမတိုင်မီ လက်ခံရရှိမည် ဖြစ်ကြောင်း
နိုင်ငံခြားရေးဝန်ကြီး ဟော့ရှ် ယာ ဇေဘာရီက ပြောကြား ခဲ့သည်။
အီရတ်အစိုးရသည် ရုရှားနိုင်ငံမှ ပထမဆုံးတင်ပို့လာမည့် စစ်လက်နက်ပစ္စည်းများအား နောက်အကျဆုံးအနေဖြင့်
နွေရာသီအစပိုင်းတွင် လက်ခံရရှိမည် ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် နိုင်ငံမှ ပေးပို့မည့် Lockheed Martin ကုမ္ပဏီလုပ် F-16 တိုက်လေယာဉ်များအား လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အီရတ်နှင့် ရုရှားနိုင်ငံတို့ အကြား ၂ဝ၁၂ ခုနှစ် နိုဝင်ဘာတွင် သဘောတူညီထားသည့် အမေရိကန် ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ တင်ပို့ရန် အစီအစဉ်များမှာ အီရတ်အစိုးရအဖွဲ့အ တွင်း အကျင့်ပျက် ခြစားမှု ပြဿနာများကြောင့် ပျက်ပြယ်သွားခဲ့ကြောင်း အီရတ်ဝန်ကြီးချုပ် နူရီမာလီကီ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သို့သော် ယခုအချိန်တွင် ၎င်းတို့အနေဖြင့် စစ်လက်နက်ပစ္စည်းလိုအပ်မှုကြောင့် ရုရှားနိုင်ငံနှင့်သဘောတူ ညီမှု အသစ်တစ်ရပ်ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား မီဒီယာ၏ ပြောကြားချက် အရ ရုရှားနိုင်ငံမှ တင်ပို့မည့် ပစ္စည်းများမှာ Mi-28 တိုက်ခိုက်ရေး ရဟတ် ယာဉ် အစင်းရေ ၃ဝ နှင့် Pantsir S-1 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် ၄၂ ခုတို့ ဖြစ်ကြောင်း သိရသည်။
ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီမက် ဗီဒက်နှင့် မာလီကီတို့၏ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ လတွင် လက်မှတ် ရေးထိုး ခဲ့သည့် လက်နက် ရောင်းဝယ်ရေး အစီအစဉ်မှာ အမေရိကန် နိုင်ငံ ပြီးလျှင် ဒုတိယ အကြီးဆုံး လက်နက် ထောက်ပံ့ရေး အစီအစဉ် ဖြစ်ကြောင်း သိရသည်။

0 မှတ်ချက်များ for "ရုရှားထုတ် လေကြောင်းရန် ကာကွယ်ရေး ပစ္စည်းများ အီရတ် ၀ယ်ယူ"