တိုင်းလိုင်၊ တိုင်းနိုင်း၊ ရှမ်းဗမာ၊ ရှမ်းကလေးတွေကို ရှမ်းနီလူမျိုးအဖြစ် သတ်မှတ်

တိုင်းလိုင်(တိုင်းလျန်)၊ တိုင်းနိုင်း၊ ရှမ်းဗမာ၊ ရှမ်းက
လေး အစရှိတဲ့ အမည်နာမတွေနဲ့ အမည်နာမ လေး မျိုး ကွဲပြားနေပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် မှာ နေထိုင်ကြတဲ့ ရှမ်းမျိုးနွယ်စု တွေ ရဲ့ အမည်ကို တစ်ပေါင်းတစ်စည်းထဲဖြစ်ဖို့ ရည်ရွယ်ပြီး အဲဒီမျိုး
နွယ်စုတွေရဲ့ ကိုယ်စားပြုနာမည်အဖြစ် ရှမ်းနီလူမျိုး ဆိုတဲ့ အမည်နာမကို သတ်မှတ်လိုက်ကြပါတယ်။

မန္တလေးမြို့ တိုင်းလိုင် (ခေါ်) ရှမ်းနီ အမျိုးသားပါတီ ဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ ရှမ်းနီမျိုးနွယ်စု
ပေါင်းစုံရဲ့ ကိုယ်စားလှယ်တွေအပါဝင်၊ ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ၊ အစိုးရ ဌာနတွေက အဆင့်မြင့် အရာရှိတွေပါဝင်တဲ့ ဆွေးနွေးပွဲမှာ ခုလိုဆုံးဖြတ်ခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ ရှမ်းနီတိုင်းရင်း သားတွေဖြစ်တဲ့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးစန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ပြည်ခိုင်ဖြိုးပါတီက ဦးစန်းရွှေ၊ ကချင်ပြည်နယ် ရှမ်း တိုင်းရင်းသား ရေးရာဝန်ကြီး၊ ရှမ်းတိုင်းရင်းများ ဒီမိုကရက်တစ်ပါတီ က ဒေါ်ခင်ပြုံးရည်၊ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တွေဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစံပြည့်နဲ့ ဦးဖေသောင်းတို့အပါအဝင် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက ကိုယ်စားလှယ် (၅၀) ကျော် တက်ရောက်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အမည်နာမကို တမျိုးထဲ သတ်မှတ်ခဲ့သလို တိုင်းရင်းသား ဘာသာ စာပေအဖြစ် လက်ရှိ အသုံးပြုနေတဲ့ ရှမ်းနီ စာပေကိုပဲ ဆက်လက် အသုံးပြု သွားမယ်လို့ သိရပါတယ်။

ရှမ်းနီ လူမျိုးတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အတွင်းမှာ (၂) သန်းကျော် အခြေချ နေထိုင် လျက်ရှိ တယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာလူမျိုးနာမည်နဲ့ ရှမ်းနီတိုင်းရင်းသား ဝတ်စုံသတ်မှတ်ရေးကို ဆွေးနွေးခဲ့ကြပေမယ့် ပြေ လည်မှု မရရှိသေးဘူးလို့လည်း သိရပါတယ်။__အာရ်အက်ဖ်အေ

0 မှတ်ချက်များ for "တိုင်းလိုင်၊ တိုင်းနိုင်း၊ ရှမ်းဗမာ၊ ရှမ်းကလေးတွေကို ရှမ်းနီလူမျိုးအဖြစ် သတ်မှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++