ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ မန်ယူက ၉၉ရာ ခိုင်နှုန်း သေချာသွားပြီး

ရွန်နီရဲ့သွင်းဂိုးတစ်ဂိုးတည်းနဲ့ရက်ဒင်းကို အနိုင်ရခဲ့တဲ့ မန်ယူဟာ ပြိုင်ဘက်မန်စီးတီးကို ၁၅ မှတ်ထိ ဖြတ်နိုင်ခဲ့ပြီး လက်ကျန် ၉ပွဲမှာ ၁၃မှတ်ရရင် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခွင့်ရတော့မှာပါ။ 

ပထမအကျော့ပွဲစဉ်မှာ ၃၅မိနစ်အတွင်း နှစ် သင်းပေါင်း ၇-ဂိုးထိသွင်းယူနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ မန်ယူတို့ အဆုံးသတ်ပိုင်းအားနည်း ခဲ့တာ တွေ့ရ ပါတယ်။ 

ဗန်ပါစီ၊ ရွန်နီ၊ ၀ဲလ်ဘက်တို့နဲ့ ပွဲထွက်လာခဲ့တဲ့ မန် ယူဟာ ပွဲချိန် ၁၅မိနစ်အထိ ဂိုးပေါက်ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့ပေမယ့် နောက် ၆မိနစ်အကြာမှာတော့ ရွန်နီရဲ့ကန်ချက် ရက်ဒင်း နောက်ခံလူနဲ့ထိပြီး မထင်မှတ်ဘဲ ဂိုးရခဲ့ပါတယ်။ 

ဒီဂိုးဟာ ရွန်နီအတွက် နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၈ပွဲမှာ ၇ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ဒီပွဲမှာ ဂိုးမပေးခဲ့ ရတာကြောင့် မန်ယူဟာ ပရီးမီးယားလိဂ်မှာ ၅၃၇မိနစ်ဆက် ဂိုးမပေးရတဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင် သွားခဲ့ပါတယ်။

0 မှတ်ချက်များ for "ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ မန်ယူက ၉၉ရာ ခိုင်နှုန်း သေချာသွားပြီး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++