ဖွဲ့စည်းပုံပြင်ရန် အတွက် ကော်မတီ ဖွဲ့ဖို့ လွှတ်တော် အတည်ပြု
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ မကိုက်ညီတော့တဲ့ ဥပဒေအချက်တွေကို ပြင်ဆင်ဖို့အတွက် ပြန်လည်
လေ့လာရေးကော်မတီ ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်
ပြုလိုက်ကြပါတယ်။
အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ပညာရှင်များပါဝင်တဲ့
ပြန်လည်လေ့လာ သုံးသပ်ရေးကော် မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင် ရွက်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ် ကိုယ် စားလှယ် သူရဦးအေးမြင့်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိပဲ အတည်ပြုလိုက်ကြပါတယ်။
သူရဦးအေးမြင့်က "နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်မား မှုကြောင့် ခေတ်ကာလ အခြေနေအချိန် အခါနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့တဲ့ လိုက်လျောညီထွေ မဖြစ်တော့ တဲ့ ဥပဒေအချက်အလက်များရှိကောင်း ရှိနေမှာဖြစ်ပါတယ်၊ ဒီအချက်တွေကို အခြေနေအချိန်အခါနဲ့ အံဝင် ခွင်ကျဖြစ်အောင် ပြန်လည်လေ့ လာသုံး သပ်ဖို့လိုပြီလို့ ယူဆမိပါတယ်၊ လေ့လာသုံးသပ်ရာမှာတော့ တစ်ဦး ချင်းတစ်ဖွဲ့ချင်း လိုရာ ဆွဲပြီးဆောင် ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့အတွက် သင့်
တော်တဲ့ ဥပဒေပညာရှင်များ၊ အသိ ပညာပြည့်ဝသူများ၊ အတွေ့အကြုံ ရင့်ကျက်သူများနဲ့ ကော်မတီ၊ ကော် မရှင်များ ဆောင်ရွက်ကြရပါမယ်" ဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ကြေညာခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလ ၁၀ ရက်နေ့က ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး မေလ ၂၉ ရက်နေ့မှာ အရင်စစ်အစိုးရလက်ထက်က အတည်ပြုခဲ့တာဖြစ်ပါတယ်

0 မှတ်ချက်များ for "ဖွဲ့စည်းပုံပြင်ရန် အတွက် ကော်မတီ ဖွဲ့ဖို့ လွှတ်တော် အတည်ပြု "