ဥက္ကာပျံအန္တရာယ်ကို ကာကွယ်နိုင်မည့် ချိန်ကိုက်မိုင်း လုပ်နိုင်တော့မည်
အာကာသအတွင်းမှ ကမ္ဘာမြေသို့ ဦးတည်လာနိုင် သည့် ဥက္ကာပျံများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် အတွက် အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်း လုပ်ငန်းများကို နောင်လာမည့် ဆယ်နှစ်အတွင်း ပြု လုပ်နိုင်တော့ မည်ဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၊ နယူးဆော့ဖ်ဝေးလ် တက္ကသိုလ် ဩစတြေးလျ စင်ထရယ်အာ ကာသစူးစမ်း လေ့လာရေး သုတေ သန ဌာန ACSER မှ ဦးစီးပြီး စီစဉ်ဆောင်ရွက် သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ယင်းတက္ကသိုလ်မှ ဦးစီးပြီး ကမ္ဘာအရပ်ရပ်ရှိ အာကာသသိပ္ပံဆိုင်ရာ ကျွမ်းကျင် ပညာ ရှင်များသည် ၂၀၁၆ ခုနှစ်ခန့်တွင် ဩစတြေး လျနိုင်ငံ၌ အာကာသအတွင်း ချိန်ကိုက်မိုင်းခွဲခြင်း သုတေသနလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။
ပထမဦးစွာ လမျက်နှာပြင်ပေါ်တွင် ချိန်ကိုက်မိုင်းများ ဖောက်ခွဲနိုင်ရန် သုတေသနပြုလုပ် ဆောင် သွားမည်ဖြစ်ကာ ထို့နောက် ကမ္ဘာဂြိုဟ်ပတ် လမ်းကြောင်းသို့ ၀င်ရောက်လာမည့် ဥက္ကာပျံများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန် ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ACSER အဖွဲ့၏ သုတေသန ပညာရှင် တစ်ဦးဖြစ်သူ ဂေါ် ဒန်ရိုစ်ဆယ်လာက ပြောကြားသွားခဲ့ သည်။


0 မှတ်ချက်များ for "ဥက္ကာပျံအန္တရာယ်ကို ကာကွယ်နိုင်မည့် ချိန်ကိုက်မိုင်း လုပ်နိုင်တော့မည်"