ငါအို သွားသော်

* ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး ၊
ငါ့ကိုနားလည်ပေးပါ။ စိတ်ရှည်ရှည် ထားပြီး ဆက်ဆံပေးပါ။
 
* ချည့်နဲ့ နဲ့  လက်တွေနဲ့  ထမင်းဟင်းတွေအကျီ င်္ပေါ်ဖိတ်စင်သွားတဲ့ အခါ ကျီ င်္လုံချည်ဖိုသီဖက်သီဖြစ်နေတဲ့ အခါ ငါ့ကိုမရွံပါနဲ့ ၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကိုကျေးဇူးပြုပြီး သတိရပေးပါ။
 
* အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ် ဘဲကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်းတစ်ထောင့်တစ်ညပုံပြင်တွေ ၊
ငါးရာ့ငါးဆယ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့ တွေကို မရိုးအောင်ပြောရင်း
ငါချော့သိပ်ခဲ့တာတွေကိုသတိရပေးပါ။
 
* မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့  ငယ်ငယ်တုန်းက
ချော့တစ်လှည့်ခြောက်တစ်လှည့် ရေချိုးပေးဘူးတဲ့
ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
 
* ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ။
ငယ်ငယ်တုန်းက " ဘာကြောင့်လဲဆိုတဲ့ " မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေရှင်းပြခဲ့တာကို သတိရပေးပါ။
 
* စိတ်သွားတိုင်း ကိုယ်မပါနွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်ခါစအရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်သင်ပေးခဲ့တာကို သတိရပေးပါ။
 
* တစ်နေ့ ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့ ၊ နားလည်ပေးပါ၊
အားပေးပါ။အရင်တုန်းက လူ့ ဘ၀တက်လမ်းအတွက်
ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့ အေးမမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။အဲဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေကို တွေ့ ရမှာပါ။
သားတို့ ၊ သမီး တို့ ရေ...ထာဝရပျော်ရွှင်ချမ်းမြေ့ ကြပါစေကွယ်...။

0 မှတ်ချက်များ for "ငါအို သွားသော်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++