လွိုင်ကော်-တောင် ကြီး ခရီးသည်တင် ကားတိမ်းမှောက်၍ ၄ ဦးသေဆုံး အများဒဏ်ရာရ

တောင်ကြီး-လွိုင်ကော်ကား ပြေဆွဲနေတဲ့ ကိန္နရီ(ရှမ်း) ခရီးသည်တင်ကား
တောင်ကြီးမှအပြန် နောင်ဝိုးတောင်ကုန်းအဆင်းမှာ ၁၄.၃.၀၃ ကြာသာပတေးနေ့ ညနေ ၄ နာရီခန့်၌ တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ 


ကားပေါ်ပါ ခရီသည် (၃၀)ဦးခန့်မှ (၁)ဦးပွဲချင်းပြီးသေးဆုံးခဲ့သည်။ အား လုံးနီးပါး ထိခိုက်ဒဏ်ရာရကြသည်။ 

(၁၀)မိုင်ခန့်ဝေးသည့် ဖယ်ခုံမြို့နယ် “လောကပါလ” လူမှုကူညီရေး အသင်းမှ အခင်းဖြစ်နေရာသို့ရောက်ကာ ထိခိုက်ဒဏ်ရာရကြသူများကို ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံသို့ တစ်နာရီ အတွင်း ပို့ဆောင်ပေးနိုင် ခဲ့သော်လည်း ဆေးရုံတွင် ၃ ဦး ထပ်မံသေဆုံးကာ အရေးပေါ်လူနာ (၄)ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ 

ကားမှောက်တဲ့မြင်ကွင်းကို တွေ့ရတဲ့ ကိုအန်းကူက "ကျွန်တော်တို့ ကားရှ့မှာ မှောက်တယ်ဗျာ။ လူတွေကလည်းငြိမ်တဲ့ သူက ငြိမ်နေပြီး လူးလှိမ့်ပြီး အော်ငိုတဲ့သူက ငိုနေကြ တယ်။ ဖြတ်သွားဖြတ် လာ ကားတစီးနှစ်စီးကတော့ ခေါင်းလးလျှိုပြီး ကြည့်သွားကြတယ်။ ကျွန်တော်တို့လည်း မြင်တာနဲ့ကား အမြန်ရပ်ပြီး အခြေအနေ ဆင်းကြည့်တာ့ ဘာမှမဖြစ်တာဆိုလို့ ကံကြီးရှင်စပယ်ယာတယောက်ပဲရှိတယ်။ သူကခေါ်ပြီး အကူအညီလှမ်းတောင်းတော့ ကားအောက်က အမယ်အို တယောက်ကို ခဲရာခဲ ဆစ်ထုတ်ခဲ့ရတယ်ဗျား။ အမယ်ကြီးကလည်း အပေါ်သွားနဲ့ နှာခေါင်းဘယ်လိုမှ
မြင်မကောင်းအောင် ပျက်စီးနေပြီ အသက်ရှူတော့ခွဲခြားလို့မရတော့တဲ့ နှာခေါင်းကနေ သွေးတွေက ပွက်ခနဲထွက်ထွက်လာတယ်။ အောက်ချပြီးသူ့ရဲ့အရှက်ကို ကျွန်တော်ဖုန်းပေးနေရင်း 10 မိနစ်လောက်ပဲ ရှိမယ်ထင်ပါတယ်။ အမယ်အို ဆုံးသွားရှာတယ်။ လမ်းဘေးမှာ လူးလှိမ့်ပြီးအော်နေတဲ့အမျိုးသမီးတွေရာ၊ အမျိုးသားတွေရော ၅ ယောက်လောက်တော့ ရှိမယ်ထင်ပါတယ်။ လမ်းဘေး မှာ အော်နေရင်းနဲ့ ငြိမ်သက်သွားတဲ့သူတွေ ကို မြင်ယောင်ကြည့် ကြစမ်းပါ။ ဘာဖြစ်သွားလဲဆိုတာကို ကျွန်တော်တို့ကားက နောက်မှာကော်ပုန်းတွေ၊ ဖာတွေနဲ့ပြည့်နေတာ အဲဒါနဲ့ရှေခန်းမှာ ဆန့်သလောက် ကလေးငယ်လေးနဲ့အမကြီး၊ အန်တီကြီးတစ်ယောက်ကို ဆေးရုံတော့ ပို့ပေးခဲ့တယ်၊ မြို့နာမည်တော့ မသိတော့ဘူး။ ကျွန်တော့လက်နဲ့ခန္ဒာမှာ စွန်းပေခဲ့တဲ့သွေး ပိုင်ရှင်တွေကတော့ အသက်မဲ့သွားကြပြီ။
သေဆုံးသွားတဲ့အမယ်ကြီးရဲ့ဆွေမျိုးတော် သူအမကြီးက သူ့ဆီကိုဒရွဲ့တိုက်သွားပြီး။ လှုပ်နှိုးအော်ငိုနေ တာတာကိုမြင်တော့ ရင်ထဲမှာတစ်မျိုးပဲဗျာ။ ကျွန်တော့်အရွယ်ကောင်လေး ကောင်မလေးတွေလည်း ဒဏ်ရာဘရပွကြီးပဲ။ တစ်ချို့အောက်ပိုင်းအ၀တ် မရှိတော့ဘူး။ လမ်းပေါ်မှာ လူးလှိမ့်နေတယ်။ GSM လိုင်း ကလည်းဘယ်လိုမှ မမိဘူး။ အဲဒီလမ်းပေါ် (ဖြတ် သွားဖြတ်လာ ကားပေါ်ကတော့ ခေါင်းလျှိုပြီးကြည့် သွားကြတယ်။ ဒါပေမယ့် သူတို့ ရဲ့ ညာခြေထောက် ကလီဗာကို နင်းသွားရက်သေးတယ်ဗျာ) အလုပ်တာ ၀န်တစ်ဖက်နဲ့ ကျွန်တော်တို့အကောင်းဆုံး လုပ်ပေးခဲ့တယ်ဆိုပေမယ့် ဝေဒနာသည်တွေအတွက်တော့ အကောင်းဆုံးဖြစ်ခဲ့မယ်တော့ မမျှော်လင့် ပါဘူး။ ဘာလို့လည်းဆိုတော့ ဆေးရုံနားကစောင့်ကြည့်နေ တာ နောက်တစ်နာရီလောက်မှ ကျန်တဲ့ လူနာတွေ ဆေးရုံကိုကားနဲ့ ရောက်လာကြတယ်။ တစ်ချို့သူတွေအတွက်တော့ ဘ၀တစ်ပါးပြာင်း သွားနိုင်လောက်တဲ့အချိန်အတိုင်းအတာ တစ်ခုရောက်နေပြီလေးဟု ပြောသည်။

0 မှတ်ချက်များ for "လွိုင်ကော်-တောင် ကြီး ခရီးသည်တင် ကားတိမ်းမှောက်၍ ၄ ဦးသေဆုံး အများဒဏ်ရာရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++