ကမ္ဘာ့ အလှဆုံးမြို့  တမြို့

ကမ္ဘာ့ သမိုင်းဝင်မြို့ အနေနဲ့ရော၊ ကမ္ဘာ့အလှဆုံး စားရင်ဝင်မြို့  အနေနဲ့ရော၊ နော်ဝေနိုင်ငံရဲ့  အလှပဆုံး၊ အသန်ရှင်းဆုံး မြို့ အနေနဲ့ရော အသိ မှတ်ပြု ဆုပေါင်းများစွာ ရရှိထားတဲ့ မြို့ လေး ဖြစ်ပြီး Alesund လို့ အမည် ရပါတယ်။

 နော်ဝေနိုင်ငံ အနောက်ဘက်ခြမ်းက ပင်လယ် ကမ်းခြေမြို့  တစ်ခုလည်း ဖြစ်ပါတယ်။ လူဦးရေ ၅ သောင်း ဝန်းကျင်သာရှိပြီး သဘာဝပတ်ဝန်းကျင် နဲ့ နေအိမ်များကို ယခုလို လှလှပပ မြင်တွေ့ ရပါတယ်။ 

ကမ္ဘာ့လှည့်ခရီးသည် များ သွားရောက်လည်ပတ်လေ့ရှိတဲ့ ဒေသတစ်ခု လည်း ဖြစ်တဲ့အတွက် မြို့ ရဲ့  အဓိက စီးပွားရေး လုပ်ငန်းက Tourism ဖြစ် သွားပါတယ်။ 

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ယနေ့တိုင် ပုံစံမပျက် ထိန်းသိမ်းထားတဲ့ သမိုင်းဝင် ဘုရားကျောင်းများ၊ တိုက်တာ အဆောက်အအုံများ အမြောက်အများ တည်ရှိနေကြောင်း သိရပါတယ်။

0 မှတ်ချက်များ for "ကမ္ဘာ့ အလှဆုံးမြို့  တမြို့ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++