ကလေးငယ်သေပြီဟု ဆရာဝန်တွေက အတည်ပြုပြီး ရင်ခွဲရုံသွားထား ၂၄ နာရီအကြာ ပြန်ရှင်လာ

အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးသည် ကလေး အသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု
ပြောကြားခြင်းကို ခံခဲ့ရသည်။ 

ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံ ရိုက်ပြီး ရေခဲတိုက်ထဲတွင် ၁၂ နာရီအကြာ ထားခဲ့ပြီး
နောက် မိဘများက သွားရောက်ကြည့်ရှု ချိန် အခေါင်းကို ဖွင့်လိုက်သောအခါ အသက်ရှင်လျက် ရှိနေသည်ကို အံ့သြစွာတွေ့ရှိခဲ့ကြရသည်။ 

ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်
ကြသည်။ 

ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန်ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး
နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ 

ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့်ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

0 မှတ်ချက်များ for "ကလေးငယ်သေပြီဟု ဆရာဝန်တွေက အတည်ပြုပြီး ရင်ခွဲရုံသွားထား ၂၄ နာရီအကြာ ပြန်ရှင်လာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++