ကယားပြည်နယ် ၀န်ကြီး ဒေသ ခံများနှင့် ပထမဆုံး အကြိမ်တွေ့ ဆုံ

ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ကယားပြည်နယ် အတွင်းရှိ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသည့် အဖွဲ့အစည်း များနှင့် မတ်လ(၁၅)ရက်နေ့က ပထမ ဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ အဖွဲ့အစည်းများ၊
ဒေသခံများက သိရှိလိုသည်များကို ကယားပြည်နယ် ဝန်ကြီးချုပ်မှပြန်လည်ဖြေကြားပေးခဲ့သည်။

“ဝန်ကြီးချုပ်ကနေပြီးတော့ ပထမဦးဆုံးအကြိမ် နယ်ခံက တရားဝင်ဖွဲ့စည်းထားတာမဟုတ်တဲ့ အဖွဲ့အစည်း တွေရယ်ကို တွေ့ချင်ပါတယ်ဆိုပြီး ဖိတ်ကြားခြင်းခံရတာပါ။ ကျွန်မတို့လည်း ဝမ်းသာပါတယ်” ဟု ကရင်နီပြည် လူငယ်များသမဂ္ဂမှ အတွင်းရေးမှူး ဒေါ်အယ်ဗလင်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်သူလူထုဆန္ဒသဘောထားမပါသည့်ကိစ္စရပ်များအတွက် စဉ်းစားဖော်ထုတ်ပေး ရန်၊ ဒေသခံများဖြစ်လိုသည်များအား ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးရန်နှင့် ဒေသအတွင်းဖြစ်ပေါ်နေ သည် အခက်အခဲများအား အဓိကထား၍ တိုင်ပင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ပြောချင်တာက အသင်းအဖွဲ့တွေကို တရားဝင်ဖွဲ့လိုက်ပါ။ အဲဒီ့အသင်းအဖွဲ့တွေကို မဖမ်းချုပ် ပါဘူး၊ အရေးမယူပါဘူး။ အဲဒီလိုလုပ်လိုက်ရင် စောစောကပြောသလို ပြောဖို့ဆိုဖို့ လုပ်ဖို့ကိုင်ဖို့ အများကြီး
ကောင်းလာမယ်။ အဲလိုဖြစ်သွားပြီဆိုရင် မတရားအသင်းဆိုတာ ပျောက်သွားပြီ။ တရားဝင်အသင်း ဖြစ် သွားပြီ” ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးမှာ အရပ်သားအစိုးရသစ်လက်ထက် ကယားပြည်နယ်၌ ခန့်အပ် ထားခြင်းခံရသည့် ပထမဦးဆုံးဝန်ကြီးချုပ်ဖြစ်ပြီး ယခင်စစ်အစိုးရလက်ထပ်တွင် ဒ.က.စ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်)၌ အုပ်ချုပ်ခဲ့သူလည်းဖြစ်သည်။__ကျော်ဇင်မန်း(မြစ်မခ)

0 မှတ်ချက်များ for " ကယားပြည်နယ် ၀န်ကြီး ဒေသ ခံများနှင့် ပထမဆုံး အကြိမ်တွေ့ ဆုံ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++