လေဆင်နှာမောင်း တိုက်ခိုက်၍ တောင်ပိုင်း တရုတ်ဒေသခံ ၂၄ ဦးထက်မနည်း သေ
တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိုးသီးများကို သယ်ဆောင် လာသော လေဆင် နှာမောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ၂၄ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆောက်အအုံ အများအပြား
ပျက်စီးခဲ့ပြီး ခရီးသည်တင် ကူးတို့ယာဉ် တစ်စင်း လေ ဆင်နှာမောင်းနောက် ပါသွားခဲ့ကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၂၁ ရက်က ပြောကြားခဲ့သည်။
ပျက်စီးခဲ့ပြီး ခရီးသည်တင် ကူးတို့ယာဉ် တစ်စင်း လေ ဆင်နှာမောင်းနောက် ပါသွားခဲ့ကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၂၁ ရက်က ပြောကြားခဲ့သည်။
ထို့အပြင် ခရီးသည်တင် ကူးတို့ယာဉ် တစ်စင်း သည် နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်း ပြည်နယ် ရှိ မြစ်အတွင်း တိမ်းမှောက်ခဲ့ရာ ၁၁ ဦးသေဆုံးခဲ့ပြီး
လေးဦး ပျောက်ဆုံးလျက် ရှိကြောင်း portal qq.com ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
လေးဦး ပျောက်ဆုံးလျက် ရှိကြောင်း portal qq.com ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
အလားတူ နိုင်ငံတောင်ပိုင်း ကွမ်တုန် ပြည်နယ် တောင်ကွမ်ဒေသတွင် လူကိုးဦး သေဆုံးခဲ့ပြီး တုန်း ကွမ်ဒေသ တွင် သေဆုံး သူများသည် အဆောက်အအုံ အပျက်အစီးများကြား ပိတ်မိနေ၍ အရေးပေါ် အခြေအနေ တွင် ရောက်ရှိ နေသူ ၁၁ ဦး အပါအဝင် အခြား ၁၄၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အစီရင် ခံစာတွင် ပြောကြား ထားသည်။
နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ကျိုး ပြည်နယ်၊ အလယ်ပိုင်း ဟူနန်ပြည်နယ်နှင့် ကျန်ရှီးပြည်နယ် တို့တွင် မတ် ၂ဝ ရက်က မုန်တိုင်း တိုက်ခိုက်မှုနှင့် မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် ဒေသခံပြည်သူ စုစုပေါင်း ၁ ဒသမ ၅ သန်းသည် ဆိုးရွားသော ရာသီဥတု ဒဏ်ကို ခံစားခဲ့ရပြီး ပြည်သူ ၂၁၅ဝဝဝ ဦးကို ဘေးကင်း နေရာ သို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်း ဌာနက ပြောကြားသည်။


0 မှတ်ချက်များ for "လေဆင်နှာမောင်း တိုက်ခိုက်၍ တောင်ပိုင်း တရုတ်ဒေသခံ ၂၄ ဦးထက်မနည်း သေ"