အိမ်ခေါင်မိုးပေါ်သို့ တက်သွားတဲ့ ကား

ကာလီဖိုးနီးယား ပြည်နယ်ဂလန်ဒေး မြို့ မှာ ရောဘတ်ဝိန်း ဆိုသူ ဟာ ကာဒီလက်မော်တော် ကားကို မောင်းနှင်း နေခိုက် ရုတ်တ ရက် Air Bag ဆိုတဲ့ လေအိတ်ပေါက်ပြီး ဘာမှ မြင်ရဖြစ်ပြီးတဲ့
နောက် ပုံမှာ တွေ့ ရတဲ့အတိုင်း ခေါင်းမိုးပေါ်ရောက် ရှိသွားခဲ့ ပါတယ်။ 

ခေါင်မိုးပေါ်ထိ သူ့ ကား တက်သွားတဲ့ အိမ်မှာ အသက် ၈၀ အရွယ် အဖိုးကြီးတစ်ဦးနေတာဖြစ်ပြီး အဖိုးကြီးကတော့ ဘုရားရေ မယုံနိုင်စရာတွေ တစ်သက်နဲ့  တစ်ကိုယ်ပဲလို့  ဆိုပါတယ်။
 
ဘေးအိမ်က ပေါလ်ဟယ်ရီဆင်က လှေကားထောင်ပြီး ကားပေါ် က ရောဘတ်ဝိန်းတို့  လင်မယားကို ကယ်ဆယ်ခဲ့ရပါတယ်။ 

ဂါလီနာဝိန်းကတော့ ကြောက်လွန်းလို့  ရှုးရှုးတွတာင် ထွက် တယ်လို့  ဒေသခံရုပ်သံတွေကို ပြောပါတယ်။

 မြို့ ခံတွေကလည်း လာကြည့်ကြ ပြီး ကားကို ပြန်မချ ဖို့ နဲ့  အမှတ်တရထားဖို့  တောင်းဆိုကြပေမယ့် အိမ် ပိုင်ရှင်က ခွင့်မပြုတဲ့အတွက် မိုးပေါ်တက် သွားတဲ့ ကားကို ပြန်လည်ဆွဲ ချနေပါပြီ။__Huff Post

0 မှတ်ချက်များ for "အိမ်ခေါင်မိုးပေါ်သို့ တက်သွားတဲ့ ကား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++