ကိုလံဘီယာအစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်

အစိုးရနှင့် ကိုလံဘီယာ ပြည်သူ့တော်လှန်ရေး လက် နက်ကိုင် တပ်ဖွဲ့တို့အကြားရှိ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအား ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာတွင် မတ်လ ၁၉ ရက်နေ့က ဆက်လက် ပြုလုပ်ကြ
ကြောင်း သိရှိရပါသည်။
 
ယခုပြုလုပ်သော ဆဋ္ဌမအကြိမ်မြောက် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲ အပြီးတွင် စိုက်ပျိုးရေး ကဏ္ဍနှင့် ပတ် သက်၍ သဘောတူညီမှု ရရှိနိုင်ဖွယ် ရှိကြောင်း
 တော်လှန်ရေး တပ်ဖွဲ့မှ ကိုယ်စားလှယ် ခေါင်း
ဆောင်  Ivan Marquez က ပြောကြားခဲ့ပါသည်။

 သွေးချောင်းစီး တိုက်ပွဲများမှ ရှောင်ရှားရန် နှစ်ဦး သဘောတူ အပစ်အခတ် ရပ်စဲရေး တည်ဆောက်ရန် လိုအပ်ကြောင်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့ပြ-ကျေးလက် တန်းတူညီ ဆက် ဆံရေးကို တည်ဆောက်ရန် လိုအပ်ကြောင်း Ivan Marquez က ထပ်လောင်း ပြောကြားခဲ့ပါသည်။ 

ယခုပြုလုပ်လျက်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီအစဉ်များတွင် လက်နက်ကိုင် ပဋိပက္ခများ အဆုံး သတ်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုများ အာမခံ ချက် ရှိရေးနှင့် မူးယစ်ဆေးဝါးနှင့် အခြားပြဿနာများ ဖြေ ရှင်းနိုင်ရေးတို့ ပါဝင်ကြောင်း သိရှိရပါသည်။

0 မှတ်ချက်များ for "ကိုလံဘီယာအစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++