တိုက်ခိုက်ရေး လေယာဉ်များ အဆင့်မြှင့်တင်ဖို့ ကန်လေတပ်နှင့် လော့ခ်ကီမာတင် ကုမ္ပဏီ သဘောတူစာချုပ် ချုပ်ဆို
အမေရိကန် လေတပ်ဖွဲ့ အနေဖြင့် ၎င်းတို့၏ F-22 တိုက်ခိုက်ရေး လေယာဉ်များကို အဆင့် မြှင့်တင်ရေး အတွက် Lockheed Martin ကုမ္ပဏီနှင့် အမေရိကန်
ဒေါ်လာ ၆.၉ ဘီလီယံ တန်ဖိုး ရှိသော သဘောတူ စာချုပ် တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရှိ ရပါသည်။
ဒေါ်လာ ၆.၉ ဘီလီယံ တန်ဖိုး ရှိသော သဘောတူ စာချုပ် တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရှိ ရပါသည်။
အဆိုပါ F-22 တိုက်ခိုက်ရေး လေယာဉ်များ အဆင့်
မြှင့်တင်ရေး အတွက် တစ်စီးလျှင် အမေရိကန်
ဒေါ်လာ ၃၇.၄ သန်းခန့် ကုန်ကျမည် ဖြစ်ပါသည်။
မြှင့်တင်ရေး အတွက် တစ်စီးလျှင် အမေရိကန်
ဒေါ်လာ ၃၇.၄ သန်းခန့် ကုန်ကျမည် ဖြစ်ပါသည်။
အဆိုပါ လေယာဉ်များ၏ အဆင့် မြှင့်တင်မှု များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ El Segundo လေတပ် စခန်း၊ San Diego လေတပ်စခန်း၊ နယူးဟမ်းရှိုင်းယား
ပြည်နယ်ရှိ Nashua လေတပ် စခန်းနှင့် နယူးဂျာစီ ပြည်နယ်ရှိ Wayne လေတပ်စခန်းများတွင် ပြုလုပ်သွား မည် ဖြစ်ပါသည်။
ပြည်နယ်ရှိ Nashua လေတပ် စခန်းနှင့် နယူးဂျာစီ ပြည်နယ်ရှိ Wayne လေတပ်စခန်းများတွင် ပြုလုပ်သွား မည် ဖြစ်ပါသည်။
အဆိုပါ လေယာဉ်များ၏ အဆင့် မြှင့်တင်မှု လုပ်ငန်းများကို ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် အပြီး သတ်နိုင်ရန် မျှော်လင့် ထားကြောင်း သိရှိ ရပါသည်။

0 မှတ်ချက်များ for "တိုက်ခိုက်ရေး လေယာဉ်များ အဆင့်မြှင့်တင်ဖို့ ကန်လေတပ်နှင့် လော့ခ်ကီမာတင် ကုမ္ပဏီ သဘောတူစာချုပ် ချုပ်ဆို "