အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြန်မာနိုင်ငံ တကသနှင့် တွေ့ဆုံ

မြန်မာနိုင်ငံသို့ လေ့လာရေးခရီးရောက်ရှိ လာသော အောက်စဖို့ဒ် တက္ကသိုလ်မှ ကျောင်းသား သမဂ္ဂအဖွဲ့ သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်း သားများသမဂ္ဂ (တ.က.သ) နှင့် ရန်ကုန်မြို့၊ ယောမင်းကြီး လမ်းရှိ British Club ၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အောက်စဖို့ဒ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ Mr.David J. Townsend ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ နည်းပညာနှင့် သင်တန်းအကူအညီ ပေးရေးတို့ကို ဆေးနွေးခဲ့ကြောင်း၊ တ.က.သ မှ ကိုစည်သူမောင် ကပြောသည်။

"နှစ်ဦးနှစ်ဖက်စလုံး သမဂ္ဂအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့နဲ့ သူတို့ဘက်ကနေ အကူအညီ ပေးရေး အစီအစဉ်တွေပါ ပြောကြားသွားပါတယ်" ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် တရားဝင် သမဂ္ဂရုံးများ ဖွင့်ခွင့်မရသေးသော်လည်း လွတ်လပ်သော တက္ကသိုလ်ဥပဒေပေါ်ထွက်လာပါက ကျောင်းသားသမဂ္ဂသည် တရားဝင်ဖြစ်ပေါ်လာပြီး ရုံးများဖွင့်လှစ် မည်ဟု ယုံကြည်ကြောင်း ကိုစည်သူမောင်က ဆက်ပြောသည်။

Mr.David J. Townsend ကလည်း မိမိတို့အနေဖြင့် သမဂ္ဂအချင်းချင်း ချိတ်ဆက်၍ ကူညီဆောင်ရွက် ပေး မည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏တက္ကသိုလ်ပါမောက္ခချုပ်ထံ မြန်မာနိုင်ငံရှိ ကျောင်းသား သမဂ္ဂများ အား အကူအညီပေးရေးကို တင်ပြအကူအညီတောင်းခံမည်ဟု ပြောဆိုခဲ့ကြောင်း သတင်းရရှိသည်။__လူထုပုံရိပ် ဂျာနယ်

0 မှတ်ချက်များ for "အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြန်မာနိုင်ငံ တကသနှင့် တွေ့ဆုံ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++