သင်ရိုးညွှန်းတမ်း ၀န်ပိနေမှုကို လျော့ချဖို့ အင်္ဂလိပ်ဘာသာ ပယ်ရခြင်းဖြစ်# တရုတ်ပါမောက္ခ

တရုတ် သီးသန့်တက္ကသိုလ်များ၏ ၀င်ခွင့်စာမေးပွဲ အတွက် အင်္ဂလိပ်စာ စစ်ဆေးမှုကို မလုပ်တော့ကြောင်း သတင်းရရှိပါသည်။

မတ်လ ၁၆ ရက်နေ့တွင် စတင်ခဲ့သည့် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲများအတွက် ထိပ်သီးတက္ကသိုလ်များ က အင်္ဂလိပ်ဘာသာကို ပယ်ထားခဲ့ကြောင်းဆို သည်။ 

ဤတက္ကသိုလ်များ၏ သိပ္ပံနှင့် အင်ဂျင်နီယာ မေဂျာ များအတွက် သင်္ချာနှင့် ရူပဗေဒစာမေးပွဲ၊ ၀ိဇ္ဇာမေဂျာ အတွက် တရုတ်ဘာသာ စကားနှင့် သင်္ချာဘာသာ တို့ကိုသာ ဖြေဆိုရန်သာ လိုအပ်တော့ကြောင်း စင်ဟွာ သတင်းကဆိုပါသည်။

Tsinghua တက္ကသိုလ်က ရွေးချယ်ရေးအရာရှိ Yu han က ကျောင်းသားများ၏ သင်ရိုးညွှန်းတမ်း ၀န်ပိနေမှုကို
လျော့ချရန်အတွက် အင်္ဂလိပ် ဘာသာစကားကို စစ်ဆေးမှု မလုပ်ခြင်းဖြစ်ကြောင်းနှင့် (အင်္ဂလိပ်စာ မတတ်
သော်လည်း) ဘာသာရပ်အလိုက် အရည်အချင်းရှိသော ကျောင်းသားများကို ရွေးချယ် နိုင်ရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

သီးသန့်တက္ကသိုလ်များအတွက် ၀င်ခွင့်စာမေးပွဲကို အစိုးရစစ်များ မကျင်းပမီ ၃ လခန့် ကြိုတင်ပြီး စစ်ဆေး ကြသည်။ အရည်အချင်းရှိသော ကျောင်းသားများ ရရှိနိုင်ရန် ရည်ရွယ်ချက်ရှိသည်။ __ မောက္ခ

0 မှတ်ချက်များ for "သင်ရိုးညွှန်းတမ်း ၀န်ပိနေမှုကို လျော့ချဖို့ အင်္ဂလိပ်ဘာသာ ပယ်ရခြင်းဖြစ်# တရုတ်ပါမောက္ခ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++