ကချင်ဒေသ စစ်ရာဇ၀တ်မှု စုံစမ်းစစ်ဆေးဖို့ ကချင်အမျိုးသမီး အဖွဲ့ တာင်းဆို
အစိုးရနှင့် KIO ရွေလီတွင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ကချင်
ဒေသတွင် အစိုရဘက်က တပ်အင်အားတိုးချဲ့လာမှု ရပ်တန့်စေရန်နှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများဖြစ်ပေါ်နေမှု အပေါ် စုံစမ်း စစ်ဆေး
ပေးရန် နိုင်ငံတကာအသိုင်းအ၀န်းကို ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုး သမီး (KWAT) က အစီရင်ခံစာထုတ် တောင်းဆို လိုက်သည်။

စစ်အစိုးရတပ်သည် ကချင်လွတ်လပ်ရေးတပ်မတော်ကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် အရပ်ဖက်ကိုလည်း ရည်ရွယ်ချက်ရှိရှိ တရုတ်နယ်စပ် တလျောက်ရှိ ဒုက္ခသည်စခန်း (၃၀၀)ကို တိုက်ခိုက်နေကြောင်း၊ အမျိုး သမီးများ၊ ကလေးငယ်များနှင့် အမျိုးသားများ အနည်းဆုံး ၂၆ ဦး ဒဏ်ရာရ သေးဆုံးခဲ့ရပြီး ဒေသခံ ၂၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ် ရကြောင်း၊ အစီရင်ခံစာတွင် ဖေါ်ပြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲများမှ စစ်ရာဇ၀တ်မှုများနှင့် လူ သားမျိုးနွယ်စု မျိုးတုံးသတ်ဖြတ်မှုများနှင့်ပါတ်သက်ပြီး ကုလသမဂ္ဂဦးဆောင် စုံစမ်းစစ်ရေး ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရန်နှင့် မြန်မာအစိုးရအပေါ် ပြန်လည်ပိတ်ဆို့အရေးယူမှု ပြုလုပ်သွားရန် အစီရင် ခံစာတွင် ဖေါ်ပြသည်။
နိုင်ငံတကာ ဖိအားပေးမှုမပါဘဲ မြန်မာစစ်အစိုးရက တိုင်းရင်းဒေသတွင် စစ်ဇ၀တ်မှု ဆက်လက်ကျူးလွန်
နေအုံးမည်ဟု KWAT ပြောရေးဆိုခွင့် မွန်းနေလီက ပြောသည်။
နေအုံးမည်ဟု KWAT ပြောရေးဆိုခွင့် မွန်းနေလီက ပြောသည်။
ထိုးစစ်ဆင်မှု စတင်သည့်အချိန်မှစ၍ ယနေ့အထိ ကျေးရွာ ၃၆၄ ရွာပျက်ဆီးပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ဒုက္ခ သည်စုစုပေါင်း ၁၀၀၀၀ ကျော်ခန့်ရှိကြောင်း မြေပုံနှင့်တကွ ဖေါ်ပြပြီး ဒုက္ခသည်စခန်း အများစုသည်
နိုင်ငံတကာ အကူအညီရရှိဖို့ အဟန့်အတား အခက်အခက်ရှိနေသေးကြောင်း ဖ်ါပြထားသည်။
နိုင်ငံတကာ အကူအညီရရှိဖို့ အဟန့်အတား အခက်အခက်ရှိနေသေးကြောင်း ဖ်ါပြထားသည်။
ကချင်ပြည်နယ်အတွင်း
တိုက်ပွဲအခြေအနေများနှင့် ဒုက္ခသည်ပြည်သူလူထု အခြေအနေများနှင့် ပတ်သက်၍
အစီရင်ခံစာ ၄ ကြိမ်ရှိပြီဖြစ်ပြီး ၄င်းတို့ထုတ်ပြန်ချက်အပေါ် နိုင်ငံတကာဖက်က
တုံ့ပြန်မှုတွေရှိကြောင်း ဒေါ် မွန်းနေလီပြောသည်။
ကချင်အမျိုးသမီးအဖွဲ့ (KWAT) အနေဖြင့် မြန်မာနိုင်ငံ
မတည်ငြိမ်နိုင်သေးတရွေ့ နိုင်ငံတွင်းရှိ ပြည်သူလူထု အပေါ်
လူ့အခွင့်အရေးချိုးဖောက်မှုများ ရင်ဆိုင်နေရသရွေ့ နိုင်ငံတကာသိအောင်
ဖော်ထုတ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

0 မှတ်ချက်များ for "ကချင်ဒေသ စစ်ရာဇ၀တ်မှု စုံစမ်းစစ်ဆေးဖို့ ကချင်အမျိုးသမီး အဖွဲ့ တာင်းဆို"