အရက်သောက်ခြင်းက စိတ်ဓာတ် ပိုမိုကျဆင်းစေ

အရက်သောက်ရင် စိတ်သောက ဝေဒနာများ
ပျောက်ကင်း သွားတယ်လို့ ယူဆချက်များက မှားယွင်းတယ်လို့ အမေရိကန်မှ ဆေးသိပ္ပံပညာရှင် များက သက်သေပြလိုက်ပြီ ဖြစ်ပါတယ်။

ယင်းတွေ့ရှိချက်က အရက်နှင့် ဆက်စပ် ယမ ကာ သောက်သုံးခြင်းက စိတ်ဓာတ်ကျဆင်းမှုကို မပြေလျော့စေတဲ့အပြင် စိတ်ကျရောဂါဖြစ်ဖို့ အကြီး မားဆုံး တွန်းအားတစ်ခု ဖြစ်လာနိုင်ကြောင်း သိရပါ တယ်။ Depression ဖြေဖျောက်ဖို့ဆိုပြီး လူအများစု အရက်ကို ထွက်ပေါက် တစ်ခု အဖြစ် သတ်မှတ်ပြီး
သောက်သုံးပါတယ်။ 

ယခုတော့ အရက်ဟာ အခြားကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကိုပါ ထိခိုက်စေတယ်လို့ သက်သေပြသ ထားလိုက်ခြင်း ဖြစ် ပါတယ်။ ဒါကြောင့် အခြားသော မှန်ကန်တဲ့ စိတ်ထွက်ပေါက်ရှာရန် နည်းလမ်းများကို အသုံးပြုဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
-Ref: medic-facts

0 မှတ်ချက်များ for "အရက်သောက်ခြင်းက စိတ်ဓာတ် ပိုမိုကျဆင်းစေ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++