ရေငုပ်သင်္ဘောဖျက် လေယာဉ် ၁၂ စီးကို အမေရိကန်ထံ ထိုင်ဝမ်း ၀ယ်ယူ
ရေတပ် ကာကွယ်ရေး အစီအစဉ်များကို တောင့် တင်း ခိုင်မာလာစေရန် ကြိုးပမ်းသည့် အနေဖြင့် ထိုင်ဝမ်သည် ၂ဝ၁၅ ခုနှစ် နှစ်လယ် ပိုင်းတွင် အမေရိကန် နိုင်ငံမှ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး
လေယာဉ် ၁၂ စီးအား လက်ခံရရှိမည် ဖြစ်ကြောင်း မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက် တစ်စောင်တွင်
ဖော်ပြပါရှိ ပါသည်။
လေယာဉ် ၁၂ စီးအား လက်ခံရရှိမည် ဖြစ်ကြောင်း မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက် တစ်စောင်တွင်
ဖော်ပြပါရှိ ပါသည်။
အမေရိကန် နိုင်ငံသည် ထိုင်ဝမ်သို့ P-3C ကင်းထောက် လေယာဉ်များကို ရောင်းချရန် ၂ဝဝ၇ ခုနှစ်တွင် သဘော တူညီခဲ့ ပါသည်။
P-3C လေယာဉ်ကို အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ကုန်ကျခံကာ ဝယ်ယူမည် ဖြစ်ပြီး သက်တမ်းရင့်ရော်နေပြီဖြစ်သော S-2T ရေငုပ် သင်္ဘော တိုက်ဖျက်ရေး လေယာဉ်များ၏ နေရာတွင် အစားထိုးသွားရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။
၂ဝ၁၂ ခုနှစ်တွင် ပထမ ၅ စီး၊ ၂ဝ၁၃ ခုနှစ်တွင် ၃ စီး၊ ၂ဝ၁၄ ခုနှစ်တွင် ၄ စီးနှင့် ၂ဝ၁၅ ခုနှစ်တွင် နောက်ဆုံး ၁ စီးရရှိမည် ဖြစ်ကြောင်း သိရှိရ ပါသည်။


0 မှတ်ချက်များ for "ရေငုပ်သင်္ဘောဖျက် လေယာဉ် ၁၂ စီးကို အမေရိကန်ထံ ထိုင်ဝမ်း ၀ယ်ယူ"