ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူမြစ်ဆုံ

ဒီပုံမှာ တွေ့ တဲ့ မြစ်နှစ်သွယ် ဆုံတဲ့ နေရာမှာ
မြစ်တစ်ခုနဲ့ တစ်ခု အရောင်မတူတာ ကိုတွေ့ ရပါမယ်။တစ်ဖက်က ရေအစိမ်းရောင်  ဖြစ်ပြီး ၊တစ်ဖက်ကတော့ ရွံ့ ရောင်ဖြစ်နေပါတယ်။
ဘယ်ဘက်ကရေကြည်နေတဲ့  မြစ်နာမည်က Rhone လို့ ခေါ်ပြီးညာဘက်ကရွံ့ ရောင်ထ
နေတဲ့  မြစ်နာမည်က Arve လို့ ခေါ်ပါတယ်။

Arve မြစ်ဟာ နူန်းတွေ နဲ့ ပြည့်နေပြီး ကီလိုမီတာ ၁၀၀ ခန့် ဝေးတဲ့ နေရာမှ စီးဆင်လာတဲ့ အတွက် ရွံ့ ရောင်ဖြစ်နေတာပါ။Rhone မြစ်ကတော့ Leman ဆိုတဲ့ ရေကန်ကြီးမှ စီးဆင်းလာတာဖြစ်ပြီး
ကန်ရေဖြစ်တဲ့ အတွက်  စိမ်းစိုနေပါတယ်။
ဒီမြစ်နှစ်ခု တစ်ခုနဲ့ တစ်ခု ရောနှောခြင်းမရှိရတဲ့ အကြောင်းအရင်းကတော့အများသတ်မှတ်ချက်
အရ နှစ်ခုပဲရှိပါတယ်။

မြစ်နှစ်ခုဆုံတဲ့ နေရာရဲ့ အောက်မှာ ရေအောက်နံရံကြီး ရှိနေတဲ့ အတွက်ရောနှောခြင်းမဖြစ်တာ
လို့ ပြောကြတာရယ် ၊Arve မြစ်ဟာ Rhone ထက် ပိုပြီး အေးတဲ့ အတွက် ရေထုဟာချက်ချင်း
အနယ်မကျတာရယ် (ဥပမာ အရ အေးတဲ့ ရေဟာ ပူတဲ့ရေထက် ထုထည်များတယ် သိပ်သည်းဆ များတယ် ) ဒါကြောင့် မရောနှောတာလို ဆိုနိုင်ပါတယ်။



0 မှတ်ချက်များ for "ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူမြစ်ဆုံ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++