Big Dog စက်ရုပ်ကို လက်တစ်ချောင်း တပ်ဆင်မည်
Big Dog ဟု အမည်ပေးထားသော ခြေလေးချောင်း ပါ စက်ရုပ်ခွေးအား ယခုအခါ လေးလံသော အရာ များကို မနိုင်သော စွမ်းအားရှိသည့် စက်လက် တ
ချောင်းကို ထပ်မံတပ်ဆင်မည် ဖြစ်ကြောင်း သိရ သည်။
Boston Dynamics အမေရိကန် စက်ရုပ် ကုမ္ပဏီ က ထုတ်လုပ်သော ၎င်းစက်ရုပ်ကို ပင်တဂွန် စစ်ဌာနချုပ်က ထောက်ခံမှု ပေးထားပြီးဖြစ်သည်။
Big Dogဟု ကို အဓိကအားဖြင့် စစ်ဘက် ဆိုင်ရာ တွင် အသုံးပြုရန် တီထွင် ထုတ်လုပ် ထားခြင်း
ဖြစ်ပြီး ယခု တပ်ဆင်မည့် လက်သည် စစ်သည် များ လေးလံသည့် ဝန်စည် စလယ်များ ကောက်ယူ သယ်ဆောင်ရာတွင် အကူ အညီ ပေးနိုင်မည်ဖြစ်သည်။
သို့သော် အဆိုပါနည်းပညာ၏ စွမ်းပကားသည် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ကဲ့သို့သော အခြားနယ်ပယ် များတွင် အသုံးပြုရန် အတွက်ပါ များစွာအသုံး တည့်ကြောင်း စက်ရုံ နည်းပညာ ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး က ပြောကြားထားသည်။
၎င်းရုပ်၏ ခြေထောက်များအား ဟိုက်ဒရောလစ် စနစ်ဖြင့် လှုပ်ရှားကာ စက်ရုပ်ခွေးတွင် တပ်ဆင်ထားသည့် အင်ဂျင်အားဖြင့် သွားလာ လှုပ်ရှားနိုင်သည်။ စက်လက်တံကို စက်ရုပ် ခွေး၏ ဦးခေါင်းပိုင်းတွင် တပ်ဆင်ထားပြီး ပစ္စည်းများ ကို ကောက်ယူ၍ စက်ရုပ်ခွေး ကျောကုန်း ပေါ် တင်ဆောင် နိုင်သည်။
စက်ရုပ်ခွေးသည် ဝန်စည်စလယ်များ တင်ဆောင်ပြီး ကြမ်းတမ်းသော မြေမျက်နှာပြင် အမျိုးမျိုးတွင် သွားလာနိုင်ကာ အသံဖြင့် အမိန့်ပေး စေခိုင်းနိုင်သည်။
Boston Dynamics စက်ရုပ်ကုမ္ပဏီက ထုတ်လုပ်သော စက်ရုပ် အမျိုးမျိုးအနက် တစ်ခုအပါ အဝင်ဖြစ်ပြီး ခေါင်းမဲ့ စက်ရုပ် တစ်မျိုးဖြစ်ကာ တစ်နာရီလျှင် ၂၈ ဒသမ ၃ မိုင် သွားနိုင်သည့် အတွက် အမြန်ဆုံး လူသားတစ်ဦး ထက်ပင် ပို၍မြန်ဆန်ကြောင်း သိရသည်။

0 မှတ်ချက်များ for "Big Dog စက်ရုပ်ကို လက်တစ်ချောင်း တပ်ဆင်မည် "