အမေရိကန်- ထိုင်း Cobra Glod စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ ပါဝင်ခွင့်ရ

အမေရိကန် စစ်တပ်၏ အကြီးဆုံး စစ်ရေး လေ့ကျင့် မှု တစ်ရပ် ဖြစ်သော Cobra Gold အမည်ရှိ အမေရိ ကန်-ထိုင်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် လုပ်ဆောင်ဆဲ ဖြစ်ကြောင်း အင် တာနက် သတင်းတစ်ရပ် အရသိရသည်။
 
လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က အမေရိကန်- ထိုင်း နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှု တစ်ရပ် အဖြစ် စတင်ခဲ့သော Cobra Gold စစ်ရေး လေ့ကျင့်မှုသည် အာရှ- ပစိဖိတ် ဒေသတွင် အကြီးမားဆုံးနှင့် အချိန်အကြာ မြင့်ဆုံး စစ်ရေး လေ့ကျင့်မှုတစ်ရပ် ဖြစ်သည်ဟု သိရသည်။
 
Cobra Gold စစ်ရေး လေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်က စတင် လုပ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုကို အမေရိကန် နိုင်ငံ၏ အဓိက မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ခဲ့သည်ဟု သိရသည်။
 
စစ်အေး တိုက်ပွဲ ပြီးနောက် ဆယ်စုနှစ် နှစ်ခုအတွင်း နိုင်ငံ တည်ငြိမ်ရေးထိန်းသိမ်းရန်နှင့် စစ်ရေးဆိုင်ရာ ပူး ပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖော်ထုတ်ခဲ့သော ယုံကြည်မှု တည်ဆောက်သည့် စီမံကိန်း တစ်ရပ်အဖြစ် အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။
 
Cobra Gold စစ်ရေး လေ့ကျင့်မှုကို လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ် အတွင်းက အသွင် သဏ္ဌာန်သစ်တစ်မျိုးဖြင့် လုပ်ဆောင်ခဲ့ပြီး ယခုနှစ် စစ်ရေး လေ့ကျင့်မှုတွင် ဂျပန်၊ တောင်ကို ရီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှတပ်ဖွဲ့ဝင်များ ကလည်း ပူးတွဲ လေ့ကျင့် သွားမည် ဖြစ်ကြောင်းသိရသည်။
 
ယခုနှစ် Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် မြန်မာ နိုင်ငံက ပထမဆုံးအကြိမ် လေ့လာသည့် နိုင်ငံအဖြစ် ပါဝင်သွားမည် ဖြစ်ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လေ့လာ စောင့်ကြည့်သူအဖြစ် မြန်မာ နိုင်ငံမှ တာဝန်ရှိသူ နှစ်ဦးကို ဖိတ်ခေါ်ထားကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် ထွန်းသစ်စ နိုင်ငံသစ်များ အနေနှင့် ထိုစစ်ရေး လေ့ကျင့်မှုကို စိတ်ပါဝင်စားမှု ဖြစ်စေ၍ အမေရိကန် နိုင်ငံ၏စိတ်အား ထက်သန် မှုကို ဖော်ညွှန်းသည့် လက္ခဏာ ဖြစ်ကြောင်းသိရသည်။

0 မှတ်ချက်များ for "အမေရိကန်- ထိုင်း Cobra Glod စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ ပါဝင်ခွင့်ရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++