ထိုင်း-မြန်မာ ယာယီနိုင်ငံကူး လက်မှတ် ဈေးနူန်းမြင့်မားမှု အပေါ် အောင်ဆန်းစုကြည်ကို ကူညီတောင်း

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ် ရာတွင် ကုန်ကျ စရိတ်မြင့် မားခြင်းနှင့် ပတ်သက်၍ ကူညီ တိုက်တွန်းပေးရန် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဒေါ်အောင် ဆန်းစုကြည်ထံသို့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်မှ မေတ္တာ ရပ်ခံ စာ ပေးပို့ထားကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ် ရာတွင် နှစ်နိုင် ငံအစိုးရများမှ သတ်မှတ် နှုန်းထားမှာဘတ် ၁ဝ၅ဝ ဖြစ်သော်လည်း အလုပ်သမားများ၏ အမှန်တကယ် ကုန်ကျစရိတ်သည် ပွဲစားများမှ တစ်ဆင့် ခံ လုပ်နေရသဖြင့် ဘတ် ၅၅ဝဝ မှ ၇ဝဝဝ အထိဖြစ်နေကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက်မှ ပေးပို့သော စာတွင်ဖော်ပြထားသည်။ 

များပြားလှသော လုပ်ဆောင်ချက် အဆင့်ဆင့် တို့သည် သာမန်အလုပ်ရှင်၊ အလုပ်သမားများအဖို့ သိရှိနား လည်ရန်၊ ဆောင်ရွက်ရန်ခက်ခဲသလို လုပ်ငန်းစဉ် များသို့ ကိုယ်တိုင်ကိုယ်ကျဝင်ရောက် လုပ် ဆောင်ရန် မဖြစ်သလောက် ခက်ခဲနေပြီး ပွဲစားများနှင့်ဆောင်ရွက်မှသာ ရရှိစေရန် ပြုလုပ် ထားသကဲ့သို့ ဖြစ်နေကြောင်း၊  နှစ်နိုင်ငံအစိုးရများမှ လုပ်ငန်းစဉ်အားလုံး ကိုစီစဉ်ဆောင်ရွက်ပေးသော သီးသန့်ဌာန မရှိကြောင်း ထိုင်းအစိုး ရ ထုတ်ပြန်ချက်အရ အလုပ်ရှင်ဘက်မှ လိုက်လံဆောင် ရွက်ရန် ပါရှိသော်လည်း နှစ်နိုင်ငံ အစိုးရဝန်ထမ်း များမှ တရားဝင်ဈေး နှုန်းနှင့် ပါဝင်ဆောင်ရွက်ပေးနိုင်မှု အားနည်းခြင်း၊ ကိုယ်တိုင်နားလည် တတ်ကျွမ်းစွာ လုပ်ဆောင်မပေးနိုင် ခြင်း၊ လုပ်ဆောင် မပေးလိုကြခြင်း ကြောင့် အကျိုး ဆောင် ကုမ္ပဏီ များ နှင့် ကြားပွဲ စားများ၏ အခန်းကဏ္ဍသည် အ ရေးပါလာကြောင်း ကွန် ရက်မှ သိရသည်။

''လတ်တလော ဖြစ် ပေါ်နေတဲ့ ပြဿနာတွေကို ဦးစားပေးပြီးတော့ ဖြေရှင်းပေး ဖို့မေတ္တာရပ်ခံတာပါ'' ဟု ကွန် ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ကုမ္ပဏီပွဲစားများသည် ယာယီနိုင်ငံကူးလက်မှတ်လုပ်ငန်း စဉ် အားလုံးကို စီစဉ်ဆောင်ရွက်ပေး ပြီး အကျိုးဆောင်ခများ သတ်မှတ်ရယူကြကြောင်း၊ အစိုးရ ကြေညာ ချက်ထဲတွင် ပွဲစားများအတွက် အ ကျိုးဆောင်ခ သတ်မှတ်ချက် ထည့် သွင်းဖော်ပြထားခြင်း မရှိဘဲ လက် တွေ့တွင်မူ ပွဲစားများမှသာ ဆောင် ရွက်ပေးရခြင်းကြောင့် ယာယီနိုင်ငံ ကူးလက်မှတ်ဆောင်ရွက်မှု ဈေးကွက် တစ်ခုလုံးပွဲစားများ၏လက် အတွင်း ကျ ရောက်ခဲ့ရကြောင်း သိရသည်။


မကြာမီပြုလုပ်တော့မည့် အ ထောက်အထား ထုတ်ပေးရေး လုပ် ငန်းစဉ်တွင်လည်း ယခင်ပြီးခဲ့သည့် လုပ် ငန်းစဉ်မှ အားနည်းချက်များကို စံနမူနာယူကာ ပွင့်လင်းမြင်သာမှု ရှိစေရန် အစိုးရများမှ ဦးဆောင်ပြီး တရားဝင် ဈေးနှုန်းအတိုင်း အလုပ် ရှင် အလုပ်သမား ကိုယ်တိုင် လုပ်ဆောင်နိုင်သော စနစ် ကို ဖော် ထုတ်ပေးရန် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပေးစေ လိုကြောင်းဟူ၍ ဖော်ပြထားသည်။


ယာယီနိုင်ငံကူးလက်မှတ် ထုတ် ပေးရေး လုပ်ငန်းစဉ်ကို ယခုလ ၁၅ ရက်မှ စတင်မည်ဖြစ်ပြီး စခန်း ၁၁ ခုတွင် လုပ်ဆောင်ပေးမည်ဖြစ် ကြောင်းသိရသည်။

0 မှတ်ချက်များ for "ထိုင်း-မြန်မာ ယာယီနိုင်ငံကူး လက်မှတ် ဈေးနူန်းမြင့်မားမှု အပေါ် အောင်ဆန်းစုကြည်ကို ကူညီတောင်း "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++