တောင်ကြီး - မိုင်းရှူး ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဓါးပြတိုက်မှု ခံရ
ရှမ်းပြည်တောင်ပိုင်း
တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့
ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား သုံးစီးက ဓါးပြတိုက်ခံရကြောင်း ဒေသခံများက ပြော သည်။

“
အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းက
လေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်
ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှုး ဗင်ကားတွေ ကြီးဘဲ ဓါးပြတိုက်ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကောတန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်” - ဓါးပြ တိုက်ခံရသူ အားဖှန်ကပြော ပါသည်။
ဖေဖေါ်ဝါရီ ၈ ရက်နေ့က နံနက် တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်အခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအားလုံးအပြင် ကားပေါ်ပါ အဖိုးတန် ပစ္စည်း များအားလုံးကိုပါ ယူဆောင်သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော် ပါသွားကြောင်း ကား ဆရာများအသိုင်းအဝိုင်းက ပြောပါသည်။
“တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကားဘဲပြောတယ်။ အဲဒီနေရာမှာ ဓါးပြတိုက်တာကတော့ နာမည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေနတ်တွေဘဲ။ နှစ်ပြောင်းပါတဲ့ဟာ လဲကိုင်တယ်” - ဟု အားဖှန်က ဘဲပြောပါသည်။
ဓါးပြ တိုက်ခံရတဲ့နေရာသည် သျှမ်းပြည်တပ်မတော် RCSS/ SSA နှင့် SSPP/SSA တို့ ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့် ဓါးပြများဝင်ရောက် နေရာယူလှုပ်ရှားခြင်းဖြစ်ပြီး မိုင်းနောင် အခြေစိုက် စစ် ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့် သာဝေးကြောင်း၊ အစိုးရ စစ်တပ်အနေဖြင့် ဒေသ အတွင်း ခရီးသွားများအတွက် လုံခြုံရေးယူပေးလိုသည့် ဆန္ဒရှိလျှင် ပေးနိုင်သည့်အခြေအနေရှိကြောင်း အားဖှန်းက ဆက်ပြောသည်။

အဆိုပါ ဒေသမှာ ဓါးပြတိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖြစ်သော်လည်း ယနေ့ထိ မည့်သည့် အဖွဲ့အစည်းကမှ ဓါးပြရန် မကာကွယ်ပေးကြောင်း
ခရီးသွားပြည်သူလူထုထံမှ သိရပါသည်။

0 မှတ်ချက်များ for "တောင်ကြီး - မိုင်းရှူး ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဓါးပြတိုက်မှု ခံရ "