တရုတ် စစ်ဘက်ဆိုင်ရာ သင်တန်း မြန်မာနယ်စပ် အနီးတနေရာ တွင် ပြုလုပ်
မြန်မာနယ်စပ်အနီးတွင် တရုတ်စစ်တပ်များ လေ့ ကျင့်နေကြောင်း တရုတ်အစိုးရသတင်းဌာန ၏
သောကြာနေ့ထုတ် သတင်းကို ကိုးကားပြီး နယူး
ယောက်တိုင်းမ် သတင်းတစ်ပုဒ်တွင် ရေး ထား သည်။ ယူနန်ပြည်နယ် တောင်တန်းဒေသ တွင်
လေ့ကျင့်နေခြင်းဖြစ်သည်ဟု ဆိုသည။်

ယင်းသို့ သင်တန်းပေးလေ့ကျင့်ရခြင်း၏ ရည်ရွယ် ချက်မှာ တရုတ်တပ်များ “စစ်ပွဲတခုတွင် တိုက် ခိုက်နိုင်ကြောင်း၊ စစ်ပွဲတွင် အောင်မြင်ရမည် ဖြစ်ကြောင်း” ပြသရန် ဖြစ်သည်ဟု ဆင်ဟွာသတင်း တွင် ရေးထားသည်ဟု ဆိုသည်။
ယခုလဆန်းပိုင်းတွင် စတင်ခဲ့သည်ဟု ဆိုသော စစ်ရေး သင်တန်းများတွင် တရုတ်တပ်မတော်သားတို့က ဆိုးဝါးသည့် ရာသီဥတုတွင် စစ်ချီခြင်း၊ ဆက်သွယ်ရေးပြတ်တောက်သည့် နေရာတွင် လှုပ်ရှားခြင်း စသည်တို့ ပါဝင်သည်ဟု ဆိုသည်။
မြန်မာနယ်စပ်အနီး ယင်းသို့ လေ့ကျင့်နေချိန်သည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း နိုင်ငံစုံတပ်များ စစ်ရေးလေ့ကျင့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်ကို တွေ့ရသည်။
ရွှေမြွေဟောက် (Cobra Gold) ဟု အမည်ပေးထားသော အဆိုပါ စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ပြုလုပ်လေ့ ရှိပြီး ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် နိုင်ငံတို့မှ စစ်သားအင်အား တသောင်းကျော် ပါဝင်လေ့ကျင့်လျက် ရှိသည်။
ထူးခြားချက်မှာ မြန်မာဗိုလ်ချုပ် ၂ ဦး လေ့လာသူအဖြစ် တက်ရောက်နေခြင်းဖြစ်သည်။
မြန်မာဗိုလ်ချုပ် ၂ ဦး လေ့လာမှုတွင် ကန့်သတ်ချက်များ ရှိသည်ဟု ဘန်ကောက်မြို့ အမေရိကန် သံရုံး
ပြောခွင့် အရာရှိ Kristin Kneedler က ပြောသည်။
“ဒီနှစ် ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာတော့ စစ်ရေးလေ့ကျင့်သူတွေ ပြင်ဆင်မှု အစီအစဉ်၊ စစ်ဘက် ဆိုင်ရာ ကျန်းမာရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက လေ့လာမှာ ဖြစ်ပါတယ်” ဟု သူက ဗီအိုအေ သတင်းဌာန (အင်္ဂလိပ်ပိုင်း) ကို ပြောသည်။

0 မှတ်ချက်များ for "တရုတ် စစ်ဘက်ဆိုင်ရာ သင်တန်း မြန်မာနယ်စပ် အနီးတနေရာ တွင် ပြုလုပ်"