အီဂျစ်မှာ ပါလီမန် ရွေးကောက်ပွဲ ကျင်းပတော့မည်

အီဂျစ်သမ္မတ မိုဟာမက်မော်စီသည် ပါလီမန်ရွေးကောက် ပွဲများကို ဧပြီ ၂၇ ရက်တွင် စတင်ကျင်း ပရန် ဖေဖော်ဝါရီ ၂၁ ရက်က သတင်းထုတ်ပြန်ခဲ့ကြောင်း အစိုးရပိုင် မီနာ သတင်းဌာနက ဖော်ပြသည်။ 

အဆိုပါ ရွေးကောက်ပွဲများကို နှစ်လအကြာ အဆင့်လေး ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဲခွဲဆုံးဖြတ် သည့် ပထမအဆင့်ကို ဧပြီ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် ကိုင်ရို အပါအ၀င် ပြည်နယ် ငါးပြည်နယ်၌ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ နောက်ထပ် မဲခွဲဆုံးဖြတ်မှုကို မေ ၄ ရက်နှင့် ၅ ရက်တို့တွင် ကျင်းပရန် စီစဉ် ထားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ 

ပါလီမန် ဥပေဒပြု ရေးအဏာကို ယာယီထိန်းသိမ်း ချုပ်ကိုင်ထားသော ရှူရာကောင်စီ (ပါလီမန် အထက် လွှတ်တော်)သည် ယင်းနေ့ အစောပိုင်းက ပါလီမန်ရွေးကောက်ပွဲ ဥပဒေအပေါ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ပြင်ဆင်ချက် ရည်ညွှန်းပေးပို့လာမှုကို အတည်ပြုခဲ့သည်။ 

ပါလီမန် ရွေးကောက်ပွဲ ဥပဒေပါ အချက်အချို့သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေနှင့် မညီညွတ် ဟု ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပယ်ချခဲ့ပြီးနောက် ယင်းပြင် ဆင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အီဂျစ် ပါလီမန် အောက်လွှတ်တော်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီသည့် ၄င်း၏ မဲခွဲဆုံးဖြတ် မှုကြောင့် ပြီးခဲ့သည့်နှစ်က တရားဝင် ဖျက်သိမ်းခံခဲ့ရသည်။

0 မှတ်ချက်များ for "အီဂျစ်မှာ ပါလီမန် ရွေးကောက်ပွဲ ကျင်းပတော့မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++