ထိုင်း-မလေးသို့ သွားမည့် အလုပ် သမားများ လက်မှတ် ထိုးခိုင်း

ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက်အဦး၌ ပြည်တွင်းပြည်ပ အလုပ် အကိုင် အခွင့်အလမ်းပြပွဲအား ဖေဖော်ဝါရီ ၂၃ရက်
နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင် ငံနှင့် မလေးသို့ သွားရောက်မည့် လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကိုလည်း တရားဝင်
ပြုလုပ် မည်ဖြစ်ကြောင်း ပြည်ပ အလုပ် အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

ထိုအခမ်းအနား ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ တဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် သူများ အနေဖြင့် စိတ်ချလက်ချ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

"ပထမကတော့ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရေး ခေါင်းစဉ်နဲ့ လုပ်မလို့။ ဒါပေမယ့် အလုပ် သမားဝန်ကြီးက ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေလည်းရှိတော့ ခေါင်းစဉ်ကို ပြည်တွင်းပြည် ပဆိုပြီး ပေးလိုက်ပါဆိုတာနဲ့ လုပ်လိုက်တာပါ "ဟု ၎င်းက ပြောကြားသည်။

ယင်းအခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ကြီးအချို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

0 မှတ်ချက်များ for "ထိုင်း-မလေးသို့ သွားမည့် အလုပ် သမားများ လက်မှတ် ထိုးခိုင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++