မြောက်ကိုရီးယား ဒုံးကျည် အန္တရာယ်ကို ကာကွယ်ရန် အမေရိကန်နှင့်ဂျပန် ပူးပေါင်းပြင်ဆင်

အမေရိကန်နှင့် ဂျပန် နှစ်နိုင်ငံ တို့သည် မြောက်ကိုရီးယား
နိုင်ငံ၏ ဒုံးကျည် ခြိမ်းခြောက်မှုအန္တရာယ် ခုခံကာကွယ်ရေး ကို တိုးမြှင့်သည့်အနေဖြင့် ဂျပန်နိုင်ငံကျိုတိုမြို့အနီး ကမ်းရိုး တန်း အခြေစိုက် စခန်း တစ်ခု တွင် X-band အမည်ရှိ ဒုံးကျည် အန္တရာယ် သတိပေး ရေဒါ စနစ်ကို ပူးတွဲ တပ်ဆင် ရန် စီစဉ်လျက် ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
 
X-band အမည်ရှိ ရေဒါ စနစ်သည် ဒုံးကျည် တစ်စင်း၏သွား ရာ လမ်းကြောင်းကို ခြေရာကောက် ထောက် လှမ်း နိုင်ပြီး ၎င်းခြေရာ ကောက်ထားသည့်လမ်းကြောင်း အ တိုင်း မြေပြင်နှင့် ရေပြင် အခြေစိုက် ကြားဖြတ်ဒုံးကျည်များဖြင့် အဆိုပါ ဒုံးကျည်ကို ပစ်ခတ် နိုင်စွမ်းရှိ
ကြောင်း ဂျပန်နိုင်ငံ ပိုင်သတင်းဌာနများက ဖေဖော် ဝါရီ ၂၄ ရက် တွင် ပြောကြား ခဲ့သည်။
 
ထိုရေဒါ စနစ်ကို ကျိုတိုမြို့ အနောက်မြောက်ဘက် ကျိုတန်ဂိုကမ်းရိုးတန်း မြို့၏ ပင်လယ်ပြင် ရှိ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ အခြေစိုက်စခန်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း အမည် မဖော်နိုင်သည့် သတင်း အရင်းအမြစ် များကို ကိုးကား၍ ကျိုဒိုနှင့် ဂျီဂျီ သတင်း ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။
 
အမေရိကန် ပိုင်နက် ဖြစ်သော ဂူအမ်ကျွန်း သို့မဟုတ် ဟာဝိုင်အီကျွန်းများကို ပစ်မှတ်ထားတိုက်ခိုက်နိုင် သည့် မြောက်ကိုရီးယား နိုင်ငံ၏ဒုံးကျည်များသည် ဂျပန် နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်း နယ်မြေများ ကို ဖြတ်၍ ပစ်ခတ်ရမည် ဖြစ်သောကြောင့် အဆိုပါ ရေဒါစနစ် တပ်ဆင်မည့် နေရာကို ကျိုတိုမြို့ အနီးရှိ အခြေစိုက် စခန်းအား ရွေးချယ် ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
 
အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ နှစ်ဦးသည် ဖေဖော်ဝါရီ ၂၂ ရက်က အမေရိကန်တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် အဆိုပါ အစီ အစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရေဒါတပ်ဆင်ခြင်းကို လုပ်ဆောင်ရာတွင် ၎င်းတို့ နှစ်နိုင်ငံက ပူးတွဲ လုပ်ဆောင်ကြမည် ဖြစ်သည်။ အဆိုပါ ရေဒါစနစ်သည် ဂျပန်နိုင်ငံတွင် တည်ဆောက်မည့် ဒုတိယမြောက် X-band ရေဒါစနစ် ဖြစ် လာမည် ဖြစ်ပြီး ပထမ ရေဒါစနစ်ကို ဂျပန်နိုင်ငံ မြောက်ပိုင်း အမိုရီ စီရင်စုတွင် တပ်ဆင် ခဲ့သည်ဟု သိရသည်။

0 မှတ်ချက်များ for "မြောက်ကိုရီးယား ဒုံးကျည် အန္တရာယ်ကို ကာကွယ်ရန် အမေရိကန်နှင့်ဂျပန် ပူးပေါင်းပြင်ဆင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++