လျှပ်စစ်မီး ရရှိရေး ကရင်နီပြည်နယ် အစိုးရထံ တောင်း ဆိုမည်ဟု ဒေသ ခံပြော

လောပိတရေအားလျှပ်စစ်နှင့် အနီးဆုံးနေ ထိုင်ကြ တဲ့ ဒေသခံပြည်သူတွေက အိမ်တိုင်းတွင် လျှပ်စစ်မီး ရရှိဖို့ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုဖို့ စီစဉ်နေကြောင်း သိရပါတယ်။

လောကထုရွာ၊ ဆိုလစဲရွာ၊ ကန်နီရွာ၊ ရှမ်းရွာ၊ လေး အိမ်ကယားရွာ၊ ပဒေါင်ကုန်းရွာတို့က ကျေးရွာတွေ ရဲ့ ထက်ထက်ခန့်လောက်က လျှပ်စစ်မီးရရှိသော် လည်း လျှပ်စစ်မီးရရှိခဲ့သေးသော ကျေးရွာအများ ရှိသေးကြေား ပြောပါတယ်။

လျှပ်စစ်မီးမ ရရှိသေးတဲ့ကျေးရွားတွေအတွက် ကျေးရွာအမည်၊ အိမ်ခြေများစာရင်း ကောက်ခံသွားပြီး လိုအပ်တဲ့ မီးတာဘောက်များနှင့် ထရန်စဖော်မာများကို ပြည်နယ်အစိုးရကို တင်ပြသွားမည်ဟု လောပိ တကျေးရွာ အုပ်စု ကန်နီကျေးရွာမှ ဦးငေါဆန်းက ပြောပါတယ်။

ကယားပြည်နယ် လောပိတရေအားလျှပ်စစ်အမှတ် ၁ စက်ရုံမှာ မဂ္ဂါဝပ် ၂၈ ဓါတ်အားထုတ်လုပ်ပြီး အမှတ် ၂ စက်ရုံမှာ မဂ္ဂါဝပ် ၁၆၈ ထုတ်ပါတယ်။

ကရင်နီပြည်နယ်ရှိ ၁၁၇ ရွာလောက်ကို ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်အတွင်း မီးပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။

0 မှတ်ချက်များ for "လျှပ်စစ်မီး ရရှိရေး ကရင်နီပြည်နယ် အစိုးရထံ တောင်း ဆိုမည်ဟု ဒေသ ခံပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++