မာယာများတဲ့ ၀ံပုလွေ
ဝံပုလွေနဲ့ သိုးသူငယ် ခြင်္သေ့မင်းရဲ့လက်ခုပ်ဝယ်
ဝါးမျိုမတတ် သူ့အာခေါင်ကြီးနဲ့
ခြောက်တလှည့် ချော့တလှည့်ပေါ့
မဆုတ်မနစ် ချစ်ခြင်းညီညာ
ခိုင်မြဲမပြတ် တွဲလက် များနဲ့
သေတွင်းကြီးမှ လွတ်မြောက်ခဲ့ပြီ မဟုတ်လား
သမိုင်းတကွေ့ ချိုမြိန်စေခဲ့ ဒီတွဲလက်များ
ခုတော့ အရသာပြောင်း ခါးသီးစွာ ပြတ်ထွက်သွားခဲ့ပြီ
အသင်ဝံပုလွေကို သိုးသူငယ်ချစ်ပါရက်နဲ့
ဘာကြောင့်လှည့်စားတာလဲ...............?
အသင်ဝံပုလွေနဲ့အတူ ဒီမြေမှာ နေချင်ပါရက်နဲ့
ဘာကြောင့်တစ်ကောင်တည်း ပိုင်စိုးချင်တာလဲ.............?
ကြည်လှဟန်
0 မှတ်ချက်များ for "မာယာများတဲ့ ၀ံပုလွေ"