လွှတ်တော်ကြီး(၂)နှစ်ပြည့် ကာလအတွင်းမှာပဲ မှန်တဲ့အတိုင်းကို မပြောင်းလဲသေးဘူး နောက်ပြန် သွားချင်တဲ့ အုပ်စုကလည်း ရှိသေးတယ်
တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ စစ်မြေပြင် မှာ သွေးမြေကျနေတယ်။ ပထမနှစ် အင်အားကြီးပါ တီရဲ့လွှမ်းမိုးမှု၊ ဒုတိယနှစ်စိုးရိမ်ရမှုနဲ့ပတ်သက်၍ ရခိုင်ပြည်နယ်မဲဆန်္ဒနယ် အမှတ်(၁) ဒေါက်တာအေး
မောင်ရဲ့အမြင်အား တင်ပြလိုက်ပါသည်။
လွှတ်တော်ကြီးကတော့ (၂)နှစ်ပြည့်ပြီ။ အဲဒီတော့ လွှတ် တော်ကြီးကို ပြည်သူကပိုပြီးတော့ အာရုံ စိုက်လာ တာတော့ တွေ့ရ တယ်။ လွှတ်တော်ကို ကျွန်တော်တို့စလာတဲ့အခါ အင်အားစုတစ်ခုက လွှမ်းမိုးထားတယ် ဆိုတာသိရတယ်။ ခင်ဗျားတို့ လည်း သိမှာပဲလေ။ အာဏာရပါတီဆိုတာ ခေတ် အဆက် ဆက်မှာရှိတယ်။ အဲဒီ တော့ အာဏာရပါတီက လွှမ်းမိုး တဲ့ လွှတ်တော်ဆိုတာရှိတယ်။ အာဏာရ ပါတီက လွှမ်းမိုးပြီး အစိုးရ အဖွဲ့ကိုဖွဲ့တယ်။ ထိန်း ချုပ်နိုင်ဖို့အတွက် ပြည်နယ်တိုင်း ဒေသကြီး အစိုးရအဖွဲ့တစ်ဖွဲ့လုံး ထိန်းချုပ်တယ်၊ လွှတ်တော် အကုန်လုံးကို ထိန်းချုပ်တယ်။ ဒီလွှတ်တော်(၂)ရပ်ကိုလည်း ထိန်းချုပ်ဖို့ကြိုးစား မှာပဲဆိုပြီးတော့ ကျွန်တော်တို့ယူဆခဲ့တာပေါ့။ တစ်ဖြည်းဖြည်းနဲ့ ပြန်စဉ်းစား ကြည့်တဲ့အခါမှာ တချို့လွှတ်
တော်ဟာ ပုံမှန်လမ်းကြောင်းထဲ ကို ရောက်လာတာတွေ့ပါတယ်။ တချို့ဆိုလည်း ထိန်းချုပ်တယ်။ ဒါကို ပထမ(၁)နှစ် လောက်မှာ တွေ့တယ်ဗျ။ အဲဒီတုန်းက အဆိုကောင်းတွေကို စွန့်ပစ်ခြင်း ခံရတာတွေရှိတယ်။ အခုနောက် ပိုင်း(၁)နှစ် ကာလကို ရောက် တယ်ပေါ့နော်။ ပထမတစ်နှစ်က တော့ ထိန်းချုပ်မှုအောက်မှာ လုံးဝရှိတယ်။ ဒုတိယတစ်နှစ်ကို ရောက်တဲ့အခါမှာ မိမိတို့ပါဝင်တဲ့ လွှတ်တော်မှာရှိတဲ့ လွှတ်တော် အမတ် အထူးသဖြင့် အင်အား ကြီးတဲ့ပါတီကြီးကိုက လူထုရဲ့ ထောက်ခံမှုကျဆင်းသွားမှာကို အင်မတန်ကြောက် လာတဲ့အခါ မှာ ပေါ်လစီတစ်ခုပြောင်းလာတယ်။ လူထုပါဝင်တဲ့ လူထုကို တိုက်ရိုက်အလုပ်အကျွေးပြုတဲ့ လူထုလက် ခံနိုင်တဲ့၊ ဦးတည်ချက် လမ်းကြောင်းတွေကို ကြိုးစားပြီး တော့မှ ရွှေ့လာတယ်။
ဥပမာဆို ပါစို့။ လူထုကခံ စားနေရတဲ့ အခြေ အနေကို ပြန်သုံးသပ်တဲ့အခါမှာ တစ်ခြားအင်အားကြီးတဲ့ လွှမ်း မိုး နိုင်တဲ့ပါတီကြီးတစ်ခုနဲ့ အပြိုင် လူ ထုကိုစည်းရုံးတယ်။ ဘယ်လိုပဲ စည်းရုံးစည်းရုံး ဒီနေ့အထိ တိုင်း ရင်း သားတွေနဲ့ပတ်သက်တဲ့ကဏ္ဍ ဆိုလို့ရှိရင် လက်ရှိအာဏာရပါ တီတို့၊ အာဏာရအစိုးရတို့ ပစ်ပယ်ထား တာတွေ ကို တွေ့ရတယ်။ ပြည်ထောင်စုဆိုတာ စာရွက်ပေါ် မှာပဲရှိတယ်။ စစ်မှန်တဲ့ ပြည် ထောင်စုကြီး တစ်ခုကို ပါးစပ်က ကြွေးကျော် တာရှိတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီးတစ်ခု ဖွဲ့စည်းပုံ ကြီးတစ်ခုက ကျွန်တော်တို့လက် ထဲကို ရောက် လာတယ်။ ဒါပေမဲ့ အဲဒီဖွဲ့စည်းပုံကြီးကို ရေးဆွဲခဲ့တဲ့ ပုဂိ္ဂုလ်တွေကိုယ်၌ ကိုက လွှတ် တော်မှာလည်းပါတယ်။ အစိုးရ အဖွဲ့မှာလည်းပါတယ်။ ဒါပေမဲ့ တကယ်တန်းစစ်မှန် တဲ့ပြည်
ထောင် စုကြီးတစ်ခုကို ဦးတည်ဖို့သွားတဲ့ အခါမှာ ဘယ်လောက်ပဲကြွေး ကြော် ကြွေးကြော်တို့ တာဝန် အရေးသုံးပါးဆိုတာ စာချုပ်မှာ ရေးထားတာပဲ။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ ပြည်ထောင်စုနေ့ ဆိုတာ ကျင်းပမှာပဲ။ လွတ်လပ် ရေးနေ့ဟာလည်း ကျင်းပနေတာပဲ။ ဒါပေမယ့်လို့ တကယ်လွတ် လပ်ပြီလားဆိုတော့ ကျွန်တော် တို့နယ်စွန်နယ်ဖျားမှာရှိတဲ့လူ တွေက လွတ်လပ်ရေးရကြောင်း ကို ဒီနေ့ထိ မခံစားရဘူး။ အဲသ လိုပဲ ပြည်ထောင်စုကြီးဆိုတဲ့ အနှစ်အရသာကို ကျွန်တော်တို့ ကိုယ်၌ကိုက မခံစားရဘူး။ သွေး ခွဲနေတယ်၊ အုပ်ချုပ်နေတယ်၊ သပ်လျှိုနေတယ်၊ ဖြိုခွင်းနေ တယ်၊ တိုင်းရင်းသား တွေရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်လို့ ဒီနေ့ထိ စစ်မြေပြင်မှာ သွေးမြေကျနေ တယ်။
ဒါကြောင့် နိုင်ငံရေးနဲ့ ဆွေးနွေးရအောင်လို့ ပြောတာပါ။ ဒါတွေအကုန်လုံးဟာ ကျွန်တော် တို့ပြည်ထောင်စုရဲ့ အနှုတ် လက္ခဏာတွေပါ။ ဒါတွေကို ဒီဥပဒေပြုတဲ့လွှတ်တော်က ကြိုး စားမလားလို့ကြည့်တဲ့အခါမှာ တစ်ခါ တစ်ခါ အစိုးရရဲ့နောက်ကို လိုက်တယ်ဗျ။ လွှတ်တော်ကြီးက အဓိကနောက်ကလာတဲ့ တပ် အင်အားစု အစိမ်းရောင်တစ်ဖွဲ့လုံး ဟာ အစိုးရအဖွဲ့က ဖြူဆိုဖြူ၊ မည်းဆိုမည်းရပ်နေတာကို တွေ့ရတယ်။ အဲသလိုပဲ ဒီပြည်ထောင်စုလွှတ် တော်ကြီးထဲမှာ အမျိုးသားလွှတ် တော်နဲ့ ပြည်သူ့လွှတ်တော်ရှိတာ ပေါ့နော်၊ အမျိုးသား လွှတ်တော်ကို ပြန်ကြည့်တဲ့အခါ မှာ ကာလာဖူးလ်တွေ တွေ့လိမ့်မယ်။ ဘာလို့လဲဆိုရင် အီးကွဲလ် အကြံ နဲ့ လာတာကိုး၊ အဲဒီတော့ ကာလာဖူးလ်ဖြစ်တဲ့ ခင်ဗျားတို့ရဲ့ ဒီအမျိုးသားလွှတ်တော် ကိုကြည့်တဲ့အခါ မှာ ယူနီဖောင်း ဘယ်လိုပဲဝတ်ဝတ်၊ တိုင်းရင်းသား တွေရဲ့ လက္ခဏာကို ပြန်ပြန် ရလာလို့ ပါတီကြီးတွေရဲ့ လှုံ့ ဆော်မှုကတော့ဖြင့် ရှိနေသေး တယ်ဆိုတာလေးကို ဒီကနေ့ အထိ (၂)နှစ်ကာလ မှာ ပြောင်းလဲ သလို လိုနဲ့ မပြောင်းလဲတာ တွေလည်းတွေ့ပါတယ်။ ဒါပေမဲ့ ပြောင်းလဲလိုတဲ့ ပုဂိ္ဂုလ် ထူးကြီး တွေရဲ့ ဆန်္ဒတွေကို လည်း တွေ့ရပါတယ်။ ကျွန်တော်တို့ အင်မတန် ကြိုဆိုပါတယ်။
အဲဒါကြောင့် တချို့အဆိုလေး တွေကို တင် သင့်တဲ့အချိန်မှာတင်တယ်။ အဲဒီ တင်တဲ့အချိန်မှာပဲ ရှင်းသင့်တဲ့ အချိန်မှာ ရှင်းတယ်။ ရှင်းဖို့ အတွက် ညီညွတ်အောင် လုပ် တယ်ဆိုတဲ့အခါကျတော့ ပြည် ထောင်စုကြီး ကတော့ ရှေ့သွားသလား၊ နောက်သွားသလားဆိုတာ ကို လူထုကပဲဆုံးဖြတ်ပေး မှာပါ။ အခုကျွန်တော်တို့ လွှတ်တော်တွေ (၂)နှစ်ပြည့်ပြီ။ ဟိုတလောက ခင်ဗျားတို့ကြားနေတဲ့ ဒေါက်တာ ဆိတ်ဖွားကိစ်္စ ကျွန်တော် တို့က ကန့်ကွက် ခဲ့ပါတယ်။ ဘာလို့လဲ ဆိုရင် ဒါကြီးက ဝေဖန်ခံရဲတဲ့ လွှတ်တော်ဖြစ်ဖို့လိုတယ်။ အစိုးရ ကလည်း ဝေဖန်ခံရဲ ဖို့လိုတယ်။ လွှတ်တော်အမတ်တစ်ဦးချင်းကိုက အဝေဖန်ခံရဲရမယ်၊ ကျွန်တော်တို့ ကို ကြည့်တာလူထုကပါ။ လူထု ကိုယ်စားပြုမဟုတ်ဘူးလို့ ယူဆတဲ့ တစ်နေ့မှာဒီအလုပ်ကို စွန့်လွှတ် နိုင်ရမယ်။ ၀န်ကြီးတွေလည်း ဒီ အတိုင်းပဲ။ တာဝန်တစ်ခုကိုယူရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ လုပ်နိုင်ကိုင်နိုင်တဲ့ အတိုင်းအတာ ကို အလုပ်အကျွေးပြုတယ်လို့ပဲ နိုင်ငံရေးတာဝန်နဲ့ ဂုဏ်ယူကြရ လိမ့်မယ်။ အခွင့်အရေး တစ်ရပ်အနေနဲ့ နိုင်ငံရေးတာဝန် ကို လာလုပ်တာမျိုး၊ ဒါမှမဟုတ် တာဝန်ပေးလို့ ဒီတာဝန်ကို မထမ်း ချင်ထမ်းချင်ထမ်း တာမျိုး၊ လွှတ် တော်တာဝန်ရောအစိုးရအဖွဲ့ မှာရော တာဝန်ပေါ့ဗျာ။ ကျွန်တော် အဲဒါ မျိုးချိန်စတာပေါ့။ အဲဒါမျိုးဆိုရင် တော့ တိုင်းပြည်အတွက် အလ ဟဿ၊ ငွေကုန်၊ လူပန်း၊ အချိန် ကုန်တယ်၊ တိုင်းပြည်က ကျွန် တော်တို့ကို သင့်လျော်တဲ့ လစာ လည်းပဲ ချီးမြှင့်ပါတယ်။
နှစ်နှစ်ကာလ အတွင်းမှာပဲ မှန်တဲ့အတိုင်းကို မပြောင်းလဲသေးဘူး။ နောက်ပြန် သွားချင်တဲ့အုပ်စုကလည်း ရှိသေးတယ်။ အဲဒီအခါမှာ ခင်ဗျားတို့ရဲ့ လွှတ်တော်ကြီးကို ခင်ဗျားတို့က ပြန်ပြီး ဘယ်သူ တွေက ဘာလုပ်
နေကြသလဲ။ ဒါကို လူထုကလည်း စောင့် ကြည့်နေတယ်၊ ဘယ်လွှတ်တော် အမတ်က ဘာအကျိုးပြုတဲ့ အလုပ်တွေလုပ်နေသလဲ၊ အချိန် ကုန်၊ လူပန်းကာမှ သက်သက်မဲ့ လူထုအတွက် အချိန်ဖြုန်းတဲ့ နေရာဖြစ်နေ သလား။ လာပြီး အိပ်နေ၊ စားနေပြီးခါမှ မသွား ချင်၊ မလာချင်တဲ့နေရာမှာလာ ပြီး အချိန်ကုန်ခဲ့ပြီး ပြန်သွားကြ သလားဆိုတာကိုတော့ လူထုက မိမိကိုပေးထားတဲ့ ရီကောလ်လို့ ခေါ်တဲ့ ခေါ်ပိုင်ခွင့်အခြေအနေ ကနေ ပြန်ပြီးသုံးသပ်ဖို့လိုမယ်။ ဒါမှလည်း ဒီလွှတ်တော်ကြီးက အမြဲချမ်းသာမယ်၊ ဒီ (၂)နှစ်တာ ကာလ အတွင်းမှာတော့ ခုနက ကျွန်တော်ပြောသလို ပါပဲ။ မှန်း ခြေနဲ့တော့ မတွေ့သေးဘူး။ ဗိုလ် ချုပ်အောင် ဆန်းပြောသလို တော်တော့်ကို ကုန်းရုန်းပြင်နိုင် မှ တာဝန်ရှိတဲ့ ပုဂိ္ဂုလ်တွေရော၊ အာဏာရှိတဲ့ ပုဂိ္ဂုလ်
တွေရော အထူးသဖြင့် အကုန်လုံးကို လွှမ်း မိုးထားတဲ့ ပုဂိ္ဂုလ်တွေရော မျှခြေ တစ်ခုရအောင် ကြိုးစားပြီး ဖြေ ရှင်းနိုင်မှ၊ အဲဒီလိုပဲ တိုင်းရင်း သားဒေသတွေနဲ့ ပတ်သက်လို့ တင်ပြတာတို့၊ တောင်းဆိုတာတို့ ကို ပြန်ကြည့် တဲ့အခါမှာလည်း တကယ်တမ်း တိုင်းရင်းသား ဒေသတွေမှာ ဒီအတိုင်းဖြစ်နေ ပါလားဆို တဲ့ အောက်ခြေက တက်လာတဲ့ အသံကို ပြန်နား ထောင်ဖို့ လိုတယ်။
နှစ်ပေါင်း ၆၀ ကျော် တော်လှန်ရေးကာလတစ် လျှောက်လုံးမှာ ကျွန်တော်တို့ မှိုင်းတိုက်ခံရ တာတွေဟာ တိုင်း ရင်းသားတွေကို လွတ်လွတ်လပ် လပ် စာပေယဉ်ကျေးမှုကအစ လက်ခံခွင့်၊ အုပ်ချုပ်ခွင့် ဆိုတဲ့ ဒီ လွတ်လွတ်လပ်လပ်နဲ့ ဒေသကို ဖွံ့ဖြိုးမှုရှိအောင် လုပ်ပေးနိုင်တဲ့ လုပ်ပေးနိုင်ခြေရှိတဲ့ပြည်ထောင် စုအဖြစ် ပုံသဏ္ဌာန်ဖော်နိုင်မှာပါ။ ဒီပုံသဏ္ဌာန်ကို ပုံဖော်နိုင်ရဲ့သားနဲ့ လိမ်ပြီး ပြည်ထောင် စုကြီးကို Monopoly လုပ်လိုက်တယ်။ Union Govt ဖြစ်အောင် ဖန်တီးလိုက်တယ်ဆိုတဲ့အစွဲဟာ တိုင်းရင်းသားတွေမှာ ရှိနေတဲ့ ကာလဖြစ်တယ်။ ဒီဟာကို ဖြေရှင်းဖို့ ဒီ Decentralize လုပ်ဖို့ ဖွဲ့ စည်းပုံမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့၊ ပြည်ထောင်စုနဲ့ ပတ်သက်လို့ မစစ်မှန်တဲ့ ပြည် ထောင်စုဖွဲ့စည်းမှုနဲ့ ပုံသဏ္ဌာန် မျိုးဆိုရင် အမြန်ဆုံးနဲ့ ရဲရဲတင်း တင်း ပြန်ပြီးခါမှ ပြုပြင်ရေးမို့ တစ်ဦးတစ်စု(သို့) ပါတီတစ်ခုက လူမျိုးနွယ်စုတစ်ခုက တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စပြောင်းတော့မယ်လို့ ထင်ခဲ့လို့ ရှိရင် အုပ်စုလိုက် အနိုင်ကျင့်ပြီးကာမှ ဒါကြီးကိုပစ်ပေးတာတို့ မလုပ် ပါနဲ့လို့ လာမယ့် ကာလလေးမှာတော့ ကျွန်တော်တို့ဆုတောင်းပါတယ်။ အဲလိုမျိုးဆိုရင်တော့ဖြင့် လာမယ့် (၂)နှစ်ခွဲကာလပေါ့ဗျာ။ အခုဆို (၂)နှစ်ခွဲကာလကို ချီတက်နေပါ ပြီ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကြီးဟာလည်း မကြာခင်ဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက အဖြစ်ကနေ ဖွဲ့စည်းပုံအရ နောက်ဆုတ်ပေးရမယ်လေ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူတဲ့ကာလတစ်ခု ရောက် လာမှာပါ။ အဲဒီကာလ မှာ ကျွန်တော်တို့မျှော်မှန်းပါ တယ်။
လာမယ့်(၂)နှစ်ခွဲကာလ စက်တင်ဘာ အလွန်လောက်မှာ ပြည်ထောင်စုကြီးကို အား ကောင်းမောင်းသန်နဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးဖြစ်အောင်၊ ထာဝရငြိမ်းချမ်းအောင် စစ်ပွဲ တွေအကုန်လုံးကို ရပ်ပြီးပါမှ ပြည်
ထောင်စုရဲ့ အဓိကအချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး လို့ကြွေးကြော်တဲ့ တို့တာဝန် အရေးသုံးပါးဆို တာစာရွက်ပေါ် ကနေ တကယ့်လက်တွေ့ ကို ရောက်လာအောင် ဆောင်ရွက် ရပါမယ်။

0 မှတ်ချက်များ for "လွှတ်တော်ကြီး(၂)နှစ်ပြည့် ကာလအတွင်းမှာပဲ မှန်တဲ့အတိုင်းကို မပြောင်းလဲသေးဘူး နောက်ပြန် သွားချင်တဲ့ အုပ်စုကလည်း ရှိသေးတယ်"