တစ်ကြော့ပြန် ဆူပူအကြမ်းဖက်မှုများနောက် RNDP ပါတီမှ သဘောထားကြေညာချက် ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ သဘောထားကြေညာ ချက် ၈ ချက်အား နိုဝင်ဘာ ၉ ရက်နေ့တွင် ရခိုင် အရေး
နှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် တကွ မြန် မာတစ်နိုင်ငံလုံးအား ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

၎င်းထုတ်ပြန်ကြေညာချက်များမှာ

၁။ ရခိုင်ပြည်သူတစ်ရပ်လုံးအနေဖြင့် မိမိတို့ မပြဌာန်းနိုင်ခဲ့သည့် သမိုင်းဆိုးမွေကို ရင်ဆိုင်ကြုံတွေ့နေရသကဲ့ သို့ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲနှင့် တိုက်ဆိုင်နေသောအချိန်လည်း ဖြစ်ပါသည်။

၂။ ဘင်္ဂါလီတို့၏ ခြေကုပ်ရယူရေး၊ OIC ဝင်ရောက်လာနိုင်ရေး ကြိုးပမ်းမှုများ ပျက်ပြယ်ခြင်းကြောင့် အတွင်းအပြင် ချိတ်ဆက်မှုဖြင့် တစ်ကျော့ပြန် ခေါင်းထောင်လှုပ်ရှားလာသည်ကို ရခိုင်ပြည်သူများ လက်ငင်းကြုံနေရချေပြီ၊ ရခိုင်လူမျိုးများနှင့် ပြည်ထောင်စုနိုင်ငံသားများအားလုံး အထူးသတိထားရမည့် ကိစ္စ ဖြစ်ပါသည်။

၃။ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးမူဘောင်အတွင်းမှ ပြဿနာများကို ရင်ဆိုင်ဖြတ် သန်းသွားရပေမည်။ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့သည် လက်ရှိ ပဋိပက္ခများကို ဖြေရှင်းရာ တွင် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပါမည်။ မယုံသင်္ကာကို အကြောင်းခံပြီး မလိုလားအပ်သော ကောလ ဟလများ ပြည်သူလူထုအတွင်း မပေါ်ပေါက်စေရေးနှင့် နောက်ထပ်ပဋိပက္ခများ ဆက်လက် မဖြစ်ပွားစေရေး အတွက် ပိုမိုကောင်းမွန်သောလုံခြုံရေး အစီအမံများ ချမှတ်ရန် လိုအပ်ကြောင်း ကျွန်ုပ်တို့တိုက်တွန်းပါသည်။ စသည်ဖြင့် ဖော်ပြထားသည်။

ကျန်အချက်အလက်များမှာ ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး ပဋိပက္ခ မဖြစ်ပွားစေရေးအတွက် ထုတ်ပြန်ရေး သားထားပြီး RNDP ပါတီအား အထင်အမြင်လွဲမှားနေမှုအပေါ် ပြည်သူများ လက်ရှိအခြေအနေမှန်များကို ရှုမြင်သုံးသပ်နိုင်စေရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်၏ နောက်ဆုံးအချက်မှာ

၈။ တည်ငြိမ်အေးချမ်းရေးရရှိရန်မှာ တိုင်းရင်းသား (မူရင်းနိုင်ငံသား)များ၏ မူလအခွင့်အရေးများနှင့် တာဝန်များကို ဥပဒေအရ ခိုင်မာစွာ ကာကွယ်ပေးထားနိုင်ပြီးမှသာ ပေါ်ပေါက်နိုင်သော ဖြစ်စဉ်တစ်ရပ်ဟု ကျွန်ုပ်တို့ လေးနက်စွာယုံကြည်ပါသည် ဟု သဘောထားကြေညာချက်-၀၆/၂၀၁၂ အားထုတ်ပြန်ကြေညာ လိုက်သည်။

ယင်းကြေညာချက် ထုတ်ပြန်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)မှာ အောက်တိုဘာလ တွင် ပြန်လည်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် တကြော့ပြန်ဆူပူအကြမ်းဖက်မှုတွင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေသည်ဟု စွပ်စွဲချက်များ ရှိခဲ့သည်ဟုလည်း သတင်းရရှိသည်။

0 မှတ်ချက်များ for "တစ်ကြော့ပြန် ဆူပူအကြမ်းဖက်မှုများနောက် RNDP ပါတီမှ သဘောထားကြေညာချက် ထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++