အစိုးရ၏ ဒေသ ဖွံ့ဖြိုးရေး ဆောင် ရွက်မှုသည် အဖိုးတန် သစ်များ ပြုန်းတီးနေ

ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် အစိုး ရမှ အကောင်အထည်ဖော်နေသည့် လုပ်ငန်း Project နေရာများတွင် အဖိုးတန် သစ်များ ပြုန်းတီးမှု အင်မတန်များပြားကြောင်း သိရသည်။ 

ဖလမ်းမြို့နယ်အတွင်း Nginzawl နှင့် Cehkan ရွာ အကြား မော်တော်ကား လမ်းဖောက်လုပ်နေ သည့် ဆောက်လုပ်ရေး ၀န်ထမ်းတွေက ဒေသအ တွင်း အဖိုးတန် ကျွန်းသစ်တွေကို ခုတ်ပြီး ရောင်း စား နေကြောင်း ပြောကြသည်။
“ ယမန်နှစ် နိုဝင်ဘာလ ကတည်းက ကားလမ်း ကို ဖောက်ကြတယ်၊ ခုထိပေါ့နော်၊ ဒါပေမဲ့ သုံးမိုင်လောက်ပဲ ဖောက်နိုင် သေးတယ်၊ အဲဒီ အနီးတ၀ိုက်မှာ ရှိတဲ့ ကျွန်းသစ်တွေကို ခုတ်လှဲပြီး ပုဂ္ဂလိက သစ် လုပ်ငန်း ရှင်တွေမှာ ရောင်းစား နေကြ တယ်” ဟု Nginzawl ဒေသခံ တဦးက ပြောသည်။
ဆောက်လုပ်ရေး ၀န်ထမ်းများ သည် ဒေသခံ ရဲတွေထံမှာ ကျွန်းသစ်တွေကို ကားတစီးစာ ကျပ်ငွေ ၅၀၀၀၀- ၁၀၀၀၀၀ အ ကြား အခွန်ဆောင်ပြီး သယ် ယူနေကြခြင်းဖြစ်သည်။

“ ဒေသခံတွေအနေနဲ့ ကိုယ့်ဒေသက ထွက်တဲ့ ကျွန်းသစ်တွေကို ခုတ်လှဲခွင့်မရှိဘူး၊ အာဏာပိုင်တွေ ကတော့ ကြိုက်သလို လုပ်စားနေကြတယ် ” ဟု ဆက်ပြောသည်။

စစ်ကိုင်းတိုင်း – ချင်းပြည်နယ်နယ်စပ်ရှိ ကျွန်းသစ်တွေကို သစ်မှောင်ခိုတွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ခိုးထုတ် ရောင်းစားမှုများလည်းရှိနေသည်။

ထို့အပြင် ဖလမ်းမြို့နယ်အတွင်း အကောင်အထည်ဖော်နေသည့် မဏိပူရ် ရေလှောင်တမံစီမံကိန်း တွင်လည်း ရေလှောင် တမံ အထက်ဖက် ၁၀ မိုင် ၀န်းကျင်ရှိ ကျွန်းသစ်တွေကို သက်ဆိုင်ရာက ခုတ်လှဲပြီး အလွဲသုံးစားလုပ်ကြသည်ဟု သိရ သည်။

“ ကျွန်းပင်တွေ သက်သက်စင်ပြောင်သွားပြီ၊ ၂၀၀၅ ခုနှစ် ကနေ ဆောက်ခဲ့တဲ့ ရေလှောင်တမံလည်း ခုထိ အပြီးမလုပ်နိုင် သေးဘူး၊” ဟု ဖလမ်းဒေသခံ တဦး က ပြောသည်။ http://khonumthungburmese.org/?p=917

0 မှတ်ချက်များ for "အစိုးရ၏ ဒေသ ဖွံ့ဖြိုးရေး ဆောင် ရွက်မှုသည် အဖိုးတန် သစ်များ ပြုန်းတီးနေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++