ဗီယက်နမ် ၀န်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခံနေရ
ဗီယက်နမ် နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရာတွင် မှားယွင်းစွာကိုင်တွယ်ခဲ့မှု အတွက် ဝန်ကြီးချုပ် ငုယင်တန်ဇွန်းသည် ရာထူးမှ
နုတ်ထွက် သင့်သည်ဟု လွှတ်တော် အမတ်တစ်ဦး
ဖြစ်သူ ဒူအုန်ထရွန်ကွက်ကပြောကြား ခဲ့ကြောင်း အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။
နုတ်ထွက် သင့်သည်ဟု လွှတ်တော် အမတ်တစ်ဦး
ဖြစ်သူ ဒူအုန်ထရွန်ကွက်ကပြောကြား ခဲ့ကြောင်း အင်တာနက် သတင်း တစ်ပုဒ်အရ သိရသည်။
ဝန်ကြီးချုပ်သည်လက်ရှိ အချိန်တွင် ဗီယက်နမ်
နိုင်ငံ၏ ကျဆင်း နေသော စီးပွားရေးနှင့် ပတ်သက် ၍ ဝေဖန်မှု များစွာကို ရင်ဆိုင် ရလျက် ရှိသည်။
နိုင်ငံ၏ ကျဆင်း နေသော စီးပွားရေးနှင့် ပတ်သက် ၍ ဝေဖန်မှု များစွာကို ရင်ဆိုင် ရလျက် ရှိသည်။
ဗီယက်နမ် နိုင်ငံသည် လက်ရှိတွင် စီးပွားရေး ကျဆင်းခြင်း၊ ငွေကြေး ဖောင်းပွမှုများ မြင့်တက်ခြင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ကျဆင်း လာခြင်းနှင့် ၎င်းတို့၏ ဘဏ်စနစ် များတွင် ကြွေးမြီ များဖြင့် ရင်ဆိုင်နေ ရခြင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မှုများ မြင့်မားနေ ချိန် ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်သည် ဝန်ကြီးချုပ် အနေဖြင့် တောင်းပန်နေ ရမည့် အချိန် မဟုတ်ဘဲ မိမိ လုပ်ဆောင် သည့် ကိစ္စအတွက် တာဝန် ယူ ဆောင်ရွက်ရမည့် အချိန် ဖြစ်သည်ဟု ထရွန်ကွက်က ပြောကြား ထားခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ငုယင် တန်ဇွန်းသည် ၂ဝဝ၆ ခုနှစ်မှ စတင်၍ ဗီယက်နမ် ဝန်ကြီးချုပ် အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

0 မှတ်ချက်များ for "ဗီယက်နမ် ၀န်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခံနေရ "