ခုနှစ်ရက်သားသမီးများအတွက် ( ၁၉.၁၁.၁၂) မှ (၂၅.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ အိုးပိုင်အိမ်ပိုင်ရတတ်ခြင်းများဖြစ်တတ်သည်။ ဖုန်းထွက်တတ်ခြင်း၊
ကွန်ပြူတာထွက်ခြင်း၊ မြေထွက်ခြင်း၊ ကြာသပတေးနံပစ္စည်း
များထွက်ခြင်းဖြစ်တတ်သည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်ခြင်း၊ ခင်မင်သောမိတ်ဆွေ
များနှင့်လမ်းခွဲရတတ်သည်။ ငွေလူလိမ်ခံရတတ်သည်။ ဆိုင်ကယ်သတိထားပါ၊ ငွေကြေးစာရင်း
အင်းများသတိထားပါ။ စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရတတ်သည်။ ငွေအတွက် ပူပင်သောကဖြစ်နေရတတ်သည်။ မိမိကရစရာများမရခြင်း၊ မိမိကပေးစရာများရှိနေခြင်း များဖြစ်နေတတ်သည်။
ကျန်းမာရေး။ အကြောနာခြင်း၊ အစားမှားပြီးဗိုက်အောင့်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ အစစအရာရာနားလည်ပေးသောလက်တွဲဖေါ်ကောင်းရှိနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပေါင်မုန့်ထောပတ်သုပ်
ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၃ ၈ ၇)

တနင်္လာသားသမီးများ၏ကံကြမ္မာ
ထီပေါက်တတ်ခြင်း၊ တိုက်ခန်းဝင်ခြင်း၊ စုတ်လာဘ်ကောင်းနေခြင်း၊ အခန်းပြောင်းရခြင်း၊ ပြုပြင်ရခြင်း
များဖြစ်တတ်သည်။ နိုင်ငံခြားနှင့်ပတ်သက်သောလုပ်ငန်းများလုပ်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှု
ရခြင်းများ၊ နိုင်ငံခြားခရီးသွားရန်ပြင်ဆင်နေသူများအဆင်ပြေစွာခရီးထွက်ရခြင်းများဖြစ်တတ်သည်။
အလှူလုပ်ရခြင်း၊ မိမိကိုယ်တိုင် (သို့) မိတ်ဆွေများထဲမှမင်္ဂလာဆောင်ခြင်းဖြစ်တတ်သည်။
အလုပ်တွင်လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းဖြစ်တတ်သည်။ အစစအရာရာအဆင်ပြေနေတတ်သည်။
ကျန်းမာရေး။ အိပ်မပျော်ခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စန်းပွင့်နေသည်။ များလွန်း၍အရွေးရခက်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်ကြက်ဥကြော်
ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၁ ၄ ၄)

အင်္ဂါသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်လုပ်ငန်းသစ်လုပ်ရတတ်သည်။ အလုပ်တွင်အခက်အခဲတွေ့ရတတ်သည်။ သည်းခံပါ၊
သည်းမခံပါကအလုပ်မမြဲခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းများဖြစ်တတ်သည်။ လူမျိုးခြား၊ ဘာသာခြား များရဲ့ကူညီမှုရခြင်း၊ အလုပ်တွင် မိမိထက်အသက်ငယ်သူ/ရာထူးငယ်သူ၊ မိမိထက်အသက်ကြီးသူ/ ရာထူးကြီးသူနှစ်ဦးလုံးကြောင့်စိတ်ညစ်စရာကြုံတွေ့ ရတတ်သည်။ အရေးကြီးစာရွက်စာတမ်းပျောက် တတ်ခြင်း၊ အလုပ်တွင်အစွတ်အစွဲခံရတတ်ခြင်းဖြစ်တတ်သည်။ အစစအရာရာသတိထားပါ။
ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ရုတ်တရက်အိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၆ ၅ ၀ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားခရီးသွားရတတ်ခြင်း၊ အမိနိုင်ငံပြန်ရတတ်ခြင်းဖြစ်တတ်သည်။ လူမျိုးခြားများ၏ကူညီမှုရခြင်း၊
မိတ်ဆွေသစ်များရခြင်း၊ ထီပေါက်တတ်ခြင်း၊ ရွှေထွက်ခြင်း၊ နာရီထွက်ခြင်း၊ သူခိုးခိုးခံရ တတ်ခြင်း၊ မောင်ညီမများအတွက်ပူပင်သောကဖြစ်နေရတတ်ခြင်းဖြစ်တတ်သည်။
မိမိကိုယ်တိုင် စိတ်တိုင်းမကျခြင်း၊ အလိုမကျခြင်းဖြစ်နေတတ်သည်။ ငွေကုန်စရာများဆက်
တိုက်ကုန်နေရခြင်း၊ ငွေအတွက်ပူပင်သောကဖြစ်နေရတတ်သည်။ အလုပ်တွင်လည်းအတိုက်
အခံများဖြစ်နေတတ်သည်။
ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူနှင့်သဘောထားကွဲလွဲနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအာလူးပေါင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၅ ၄ ၀ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ
ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ စာအုပ်ကောင်းရခြင်း၊ အရေးကြီးစာတစောင်ရောက်
လာခြင်းများဖြစ်တတ်သည်။ လက်အောက်ငယ်သားကောင်းများရောက်လာတတ်ခြင်း၊
လက်ရှိလက်အောက်ငယ်သားကြောင့်မိမိအလုပ်တွင်အစစအရာရာအောင်မြင်ခြင်း
များဖြစ်တတ်သည်။ လူမျိုးခြား၊ ဘာသာခြားများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။
ခင်မင်သောမိတ်ဆွေနှင့်စကားများရန်ဖြစ်တတ်သည်။ လူလိမ်ခံရတတ်ခြင်း၊လူလုခံရ
တတ်ခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ အကြောနာခြင်း၊ ယားနားပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရခြင်း၊ အိမ်ထောင်ရှင်များ၏စိတ်ဝင်စားခြင်းခံရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားဘဲသားပေါင်မုန့်ကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၃ ၁ ၀ ၂)

သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်အစစအရာရာအောင်မြင်နေသည်။ မိမိအလုပ်တွင်နာမည်ကောင်းရခြင်း၊ ၀င်ငွေတိုးခြင်း၊ လက်ဆောင်ပစ္စည်းများရခြင်းဖြစ်နေတတ်သည်။ ငွေဝင်သော်လည်းငွေကုန်စရာများ
ဆက်တိုက်ဖြစ်နေသည်။ အကျိုးရှိသောကုန်ခြင်းဖြစ်သည်။ ရွှေဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းဖြစ်သည်။ ဆွေမျိုးသားချင်းများကိုလည်းပံ့ပိုးကူညီမှုများပေးရန်အကြောင်းဖြစ်နေတတ်၏။
နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများရပ်တန့်နေသောကြောင့်စိတ်ညစ်နေရတတ်သည်။
ကျန်းမာရေး။ လက်မောင်းကိုက်ခဲနေတတ်သည်။
အချစ်ရေး။ ချစ်သူ/ အိမ်ထောင်ဖက်အလောင်းအစားလုပ်နေသောကြောင့်စိတ်ညစ်နေရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားနန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၁ ၆ ၂)

စနေသားသမီးများ၏ကံကြမ္မာ
ကားဝင်ခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ မြေ၀င်ခြင်း၊ ပျော်ရွှင်သောခရီးသွားရခြင်း၊
အလုပ်တွင်လစာတိုးခြင်း၊ ရာထူးတိုးခြင်း၊ အပိုဝင်ငွေရခြင်းများဖြစ်တတ်သည်။ ဆိုင်ကယ်
ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ နေကာမျက်မှန်လက်ဆောင်ရခြင်းဖြစ်တတ်သည်။ စိန်လက်စွပ်၊ ရွှေ
လက်စွပ်ပျောက်တတ်သည်။ သတိထားပါ။ မိန်းကလေးအနှောင့်အယှက်တွေ့တတ်သည်။
အလုပ်နေရာပြောင်းရတတ်သည်။ ပြောင်းလည်းကောင်းသည်။ မပြောင်းလည်းရသည်။
ကျန်းမာရေး။ အစားမှားပြီးသွေးတိုးတတ်သည်။
အချစ်ရေး။ ဝေးကွာနေသောအိမ်ထောင်ဖက်နှင့်အတူတကွနေရန်အကြောင်းဖြစ်လာတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားအုန်းသီးပေါင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၂ ၁)

*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း-+ 016 6903 513, 018 2250 510
E- mail:swezinwati@gmail.com

0 မှတ်ချက်များ for "ခုနှစ်ရက်သားသမီးများအတွက် ( ၁၉.၁၁.၁၂) မှ (၂၅.၁၁.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း "